
APM ၊ ဒီဇမ်ဘာ ၂၁ /၂၀၂၂
အမ်းမြို့၌ အသက်မပြည့်သိမ့်သည့် စစ်ဖီးယှောင်အချေ ၄ ယောက်ကို သံတိုသံစများ ခိုးယူရောင်းချသည်ဟု စွပ်စွဲ ပြီး၊ ကုန်ခသည့် ဒီဇမ်ဘာ ၁၆ ရက်နိမှစ၍ ဖမ်းဆီးကာ၊ တပတ်နီးပါးကြာလာသည့် ဒေနိအထိအမ်းမြို့မရဲစခန်း၌ ချုပ်ရီမန် မပါဘဲ ဖမ်းဆီးချုပ်နှောင်ထားသည်။
အဖမ်းခံထားရသူများမှာ အမ်းမြို့နယ် ဒါးလက်အုပ်စုမှ မောင်မောင်လင်း (၇ နှစ်)၊ မောင်ဟန်လင်း (၁၀ နှစ်)၊ မောင် နေလင်းဦး (၁၀နှစ်)၊ မောင်ဇော်မင်းနိုင် (၉နှစ်)ရို့ဖြစ်ကတ်ပြီး၊ ၎င်းရို့သည် လက်ဟိအမ်းမြို့ထက်၌ မိဖများနန့် အတူ စစ်ဖီးယှောင်နီသူများ ဖြစ်သည်။
သူရို့ကို ကုန်ခသည့် ဒီဇမ်ဘာ ၁၆ ရက်နိ၌ အမ်းမြို၊ ဦးဥတ္တမကုန်းအနား ကွန်ကရစ်လမ်းခင်းသည့်နီရာမှ သံတို သံစတချို့ ခိုးယူရောင်းချသည်ဟုစွပ်စွဲကာ အမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းယူလားခခြင်းဖြစ်သည်။
သူရို့နန့်အတူ သံတိုသံစရောင်းဝယ်သည့် ဆိုင်ပိုင်သျှင်တဦးကိုလေ့ ယင်းနိ (ဒီဇမ်ဘာ ၁၆ ရက်နိ)မှာပင် ရဲတပ်ဖွဲ့က ဖမ်းဆီးလားခပြီး၊ အမ်းမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်။
သူ့ရိုကို ဒေနိ (ဒီဇမ်ဘာ ၂၁ ရက်နိ)၌ အမ်းမြို့နယ်တရားရုံးမှာ ချုပ်ရီမန်ယူရန် ရုံးထုတ်ခကေလေ့ “အချေသူငယ် ဥပဒေနန့် မကိုက်ညီ”ဟု ဆိုကာ အမ်းမြို့မရဲစခန်းသို့ ပြန်ခေါ်လားခကြောင်း သိရသည်။
