APM ၊ ဒီဇမ်ဘာ ၂၁/၂၀၂၂
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခကတ်သည့် ဘောလုံးအသင်းများအား FIFA က အမေရိကန် ဒေါ်လာ စုစုပေါင်း သန်း ၄၄၀ ကို ဆုချီးမြှင့်ခကြောင်းသိရသည်။
FIFA သည် ပထမရသည့် ချန်ပီယံအာဂျင်တီးနားအသင်းကို ၄၂ သန်း၊ ဒုတိယရသည့် ပြင်သစ်အသင်းကို သန်း ၃၀၊ တတိယရသည့် ခရိုအေးသျှားအသင်းကို ၂၇ သန်းနန့် စတုတ္ထရသည့်မော်ရိုကိုအသင်းကို ၂၅ သန်း ချီးမြှင့်ခသည်။
ယင်းနောက် အဆင့် ၅ မှ ၈ နီရာထိရောက်ခသည့်(ဘရာဇီး၊ ပေါ်တူဂီ၊ အင်္ဂလန်၊နယ်သာလန်) အသင်းများအား ၁၇ သန်းစီ၊ အဆင့် ၉ မှ ၁၆ အထိဖြစ်သည့် (စပိန်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဆီနီဂေါ၊ အမေရိကန်၊ တောင်ကိုရီးယား၊ သြစ တြေးလျနန့် ပိုလန်) အသင်းများအား ၁၄ သန်းစီချီးမြှင့်ပြီး၊ အုပ်စုအဆင့်မှ ထွက်ခရသည့် (အီကွေဒေါ၊ ကာတာ၊ အီရန်၊ ဝေးလ်၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ တူနီးသျှား၊ ဒိန်းမတ်၊ ဂျာမနီ၊ ကော်စတာရီကာ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကင်မရွန်း၊ ဆားဘီးယား၊ ဥရုဂွေး နန့် ဂါနာ) အသင်းများကိုလေ့ ၉ သန်းစီ ဆုချီးမြှင့်ခသည်။
FIFA သည် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်သည့် အသင်းများအား ၁၉၈၂ ခုနှစ်မှစ၍ ဆုငွေများကို လူသိသျှင်ကြား ထုတ်ပြန်ပီးခခြင်း ဖြစ်သည်။
ယင်းအပြင် ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ရန်အတွက် ပြင်ဆင်စရိတ်အဖြစ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁.၅ သန်း ကိုလေ့ ပြိုင်ပွဲဝင် အသင်းတိုင်း ရဟိခကြောင်း သိဟိရသည်။
Photo- Sportstar