APM ၊ ဒီဇမ်ဘာ ၂၁ / ၂၀၂၂
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများ တက္ကသိုလ်တက်ရောက် ပညာသင်ကြားခွင့်ကို ပိတ်လိုက်ကြောင်း တာလီဘန်အာဏာပိုင်များက ဒီဇမ်ဘာ ၂၀ ရက်နိမှာ အမိန့်ထုတ်သည်။
တာလီဘန်ပညာရီးဝန်ကြီးဌာန၏ ပြောခွင့်ရ Ziaullah Hashimi က “ဝန်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်လိုက်ခြင်းဖြစ်ပြီး၊ နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မချင်း ဒေဂုအမိန့်ကို လိုက်နာရမည်”ဟု AFP ၊ AP အပါအဝင် သတင်းအေဂျင်စီများသို့ အတည်ပြုပြောကြားသည်။
အာဖဂန်အမျိုးသမီးများ တက္ကသိုလ်တက်ခွင့်ပိတ်မိန့်နန့်ပတ်သက်၍ ကုလသမဂ္ဂသံအမတ်ကြီး Robert Wood က “တာလီဘန်များအနီနန့် လူ့အခွင့်အရေးနန့်အမျိုးသမီးများ၏ အခြီခံလွတ်လပ်ခွင့်ကို မလေးစားမချင်း နိုင်ငံတကာ အသိုင်းအဝိုင်းကြား၌ တရားဝင်အစိုးရအဖွဲ့ဖြစ်ရန် မမျှော်လင့်နိုင်ကြောင်း” ပြောကြားခသည်။
အလားတူ အမေရိကန်နိုင်ငံခြားရီးဌာနကလေ့ အာဖဂန်အမျိုးသမီးများအပေါ် တက္ကသိုလ်တက်ခွင့် ပိတ်လိုက်သည့် ဆုံးဖြတ်ချက်ကို ပြစ်တင်ကြောင်း ဒီဇမ်ဘာက၂၀ နိမှာ ထုတ်ပြန်ခသည်။
တာလီဘန်များကတော့ ၎င်းရို့၏ဆုံးဖြတ်ချက်သည် “အမျိုးသားအကျိုးစီးပွား”နန့်အမျိုးသမီးများ၏ “ဂုဏ်သိက္ခာ” ကို ထိန်းသိမ်းရန် ဒေဂုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
Photo- Reuters