
APM၊ နိုဗမ်ဘာ ၂၁/ ၂၀၂၃
တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့မာ ဒေနိ(နိုဗမ်ဘာ ၂၁ ရက်)နိ၊ ညဇာ ၄ နာရီအချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ယောက် သီဆုံးပြီးကေ ၆ ယောက် ထိခိုက်ဒဏ်ရာရလားကြောင်း တအာင်းတပ်မတော် (PSLF/TNLA)က သတင်းထုတ်ပြန်ပါရေ။
စစ်ကောင်စီတပ်ရေ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ ၎င်းရို့၏ “စခန်းသစ်”တပ်စခန်းကနီ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခစွာဖြစ်ပါရေ။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့၊ ပေါက်နီရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခပြီးကေ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ယောက်နန့် အမျိုးသမီး ၁ ယောက် ပွဲချင်းပြီး သီဆုံးခပနာ ၃ နှစ်အရွယ် အချေ တယောက်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရဟိခပါရေ။
စစ်ကောင်စီတပ်ရေ စစ်ရီးနန့် မသက်ဆိုင်ရေ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီးကေ လက်နက်ကြီးနန့် လီကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းပြည်နယ်မာ ၁၀၂၇ စစ်ဆင်ရီးစရေ နိကစလို့ ဒေနိအထိ ပြည်သူ ၅၀ ကျော် သီဆုံးခပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရဟိခကြောင်း သိဟိရပါရေ။
Photo – PSLF/ TNLA



