APM ၊ နိုဗမ်ဘာ ၂၁ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ စစ်ရီး တင်းမာနီရေ ပေါက်တောမြို့မာ အပြစ်မဲ့ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးကေ လူသားဒိုင်းကာ အဖြစ် ဆက်လက်အသုံးပြုထားရေလို့ သိရပါရေ။
နိုဗမ်ဘာ ၁၆ ရက်နိမာ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခပြီးနောက်ပိုင်း စစ်ကောင်စီက ကြည်း၊ရီ၊လီ ပူးပေါင်းပြီးကေ အင်းအားအလုံးအရင်းနန့် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ် စီးနင်းဝင်ရောက်ပနာ မြို့ထဲက အပြစ်မဲ့ပြည်သူ ၁၀၀ ကျော်ကို လူမဆန်စွာ ဥပဒေမဲ့ ဖမ်းဆီးထားခပါရေ။
ယင်းပြည်သူ ၁၀၀ ကျော်ထဲက ၇၀ ကို စစ်ကောင်စီတပ်စွာ သူရို့အခြီချထားရေ လောကထိပ်ပန်ဘုရားဓမ္မာရုံမာ ထိန်းသိမ်းထားပြီးကေ ကျန် လူတိကို အမှတ်(၁) ရပ်ကွက်ဟိ စိုက်ပျိုးရီးရုံးမာထားပနာ AA ဝင်ရောက်တိုက်ခိုက်ဖို့ကို ကြောက်လို့ လူသားဒိုင်းကာအဖြစ် သူရဲဘောကြောင်စွာ အသုံးပြုနီရေလို့ ဆိုပါရေ။
ပေါက်တောမြို့ထဲမာ စစ်ကောင်တပ်က နီရာအနှံ့ တပ်ဖြန့်နီရာယူထားလို့ လက်ဟိအချိန်ထိ အပြင်မထွက်နိုင်ဘဲ ပိတ်မိနီရေ ဒေသခံပြည်သူ ၄၀ ကျော်ကျန်နီသိမ့်ကြောင်း သိရပါရေ။
နိုဗမ်ဘာ ၁၆ ရက်နိကလည်း စစ်ကောင်စီတပ်စွာ ပေါက်တောမြို့ကို ရီကြောင်း၊ လီကြောင်းက ဗုံးကြည်းတိုက်ခိုက်မှု၊ မြို့ထဲမာ မဲမဲမြင်ရာ လိုက်လံ အကြမ်းဖက်ပစ်ခတ်မှုတိကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သီဆုံးခရပြီးကေ အများအပြား ဒဏ်ရာရလားခရပါသိမ့်ရေ။
တချိန်တည်းမာ ဒေနိ(နိုဗမ်ဘာ ၂၁ ရက်နိ) မာလည်း ပေါက်တောမြို့ထဲမာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနီပြီးကေ စစ်ကောင်စီတပ်က ရီကြောင်း၊လီကြောင်းကနီ ပစ်ခတ်တိုက်ခိုက်လို့ ဟိနီကြောင်း ဒေသခံတိပြောကြားချက်အရ သိဟိရပါရေ။