APM၊ အောက်တိုဘာ ၂၁/၂၀၂၃
ရက္ခိုင့်တပ်တော်နန့် ဆက်စပ်တေဆိုပနာ အကြမ်းဖျက်တိုက်ဖျက်ရီး ဥပဒေ ပုဒ်မ ၅၂(က)၊၅၂(ခ)နန့် တရားစွဲခံထားရရေ ပလက်ဝဒေသခံ ၂ နှစ်ယောက်အမှုကို စစ်ကောင်စီ၏ မတူပီခရိုင်တရားရုံးတရားသူကြီး မဟိလို့ဆိုပနာ လုံးဝရုံးမထုတ်စွာ ၁ နှစ်ခွဲဟိယာလို့ ဟိရပါရေ။
ပုဒ်မ ၅၂(က)၊၅၂(ခ)ရို့နန့် တရားစွဲခံထားရရေလူတိမာ ပလက်ဝမြို့နယ် တရွန်အိုင်ရွာက အောင်သိန်းမင်းနန့် ကျောက်တန်းရွာက တိုင်းရင်းသားဘာသာပြကျောင်းဆရာမ ဒေါ်ဘုမချေ ရို့ဖြစ်ပါရေ။
သူရို့၂ယောက်ကို ပြီးခရေ ၂၀၂၀ခုနှစ်၊ မာ့ချ် ၂၁ ရက်နိကပင် AA နန့် ဆက်စပ်တေဆိုပနာ မြန်မာစစ်တပ်က ဖမ်းယူလားခစွာဖြစ်ပါရေ။
ယင်းနောက် မတူပိခရိုင်တရားရုံးမာ ပုဒ် ၅၂(က)၊ ၅၂(ခ) နန့် တရားစွဲပနာ ရုံးထုတ်စစ်ဆီးနီစွာဖြစ်ပြီးကေ အမှုမာ လိုပြသက်သီတိအားလုံးစစ်ပြီးလို့ စွပ်စွဲခံထားရရေလူ ၂ယောက်နန့် အမှုစစ်ရဲတယောက်ရာစစ်ဆီးဖို့ကျန်နီစွာလို့ မိသားစုဝင်တိက ပြောပါရေ။
ယေကေလေ့ ကုန်ခရေ ၂၀၂၂ ခုနှစ်၊ မာ့ချ်လကပင် စစ်ကောင်စီ၏ မတူပီခရိုင်တရားသူကြီးမဟိလို့ဆိုပနာ ရုံးမထုတ်ပဲ ရပ်ထားစွာလို့ ဆိုပါရေ။
လက်ဟိမာ အမှုရပ်တန့်ထားစွာ တနှစ်ခွဲ ကျော်ကြာလာလို့ တရားစွဲခံထားရရေလူတိနန့် မိသားစုဝင်တိမာ အဖက်ဖက်ကနစ်နာနီကတ်ရပါရေ။