
APM ၊ ဂျန်နဝါရီ ၂၁ / ၂၀၂၃
လက်ဟိ မြောက်ဦးမြို့ လက်ကောက်စျီး စစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များတွင် အနွီးထည်များနန့် ပုဆိုးများ အရေးပေါ်လိုအပ်နီကြောင်း သိရပါသည်။
လက်ကောက်ဈီး စစ်ဖီးယှောင်စခန်းတွင် မြောက်ဦးမြို့နယ်မှ ဝေသာလီ၊ ပေါက်တောပြင် စသည့်ကျေးရွာများနန့် ပလက်ဝမြို့နယ်မှ ကျေးရွာတချို့က ရပ်သူရွာသားများ လာရောက်ခိုလှုံလျက်ဟိသည်။
လက်ဟိကာလသည် ဆောင်းတွင်းဖြစ်၍ အယင်လများကထက် အအီးပိုလာသည့်အတွက် သက်ကြီးရွယ်အိုများ၊ အချေများမှာ အနွီးထည်များ လုံလုံလောက်လောက်မဟိဘဲ အအီးဒဏ်ကို အံကြိတ်ခံစားနီရကာ ကျမ်းမာရီးထိခိုက် လာနီကတ်ကြောင်း စခန်းတာဝန်ခံများက ပြောသည်။
စခန်းဟိ စစ်ဖီးယှောင်အများစုမှာလေ့ မြောက်ဦးမြို့အတွင်း၌ ကြုံရာကျဗန်းအလုပ်များဖြင့် ဘဝကိုဖြတ်တေပိုင် ဖြတ်သန်းနီရသည့်အတွက် အနွီးထည်များ၊ပုဆိုးများ မဝယ်နိုင်ဘဲ လူဦးရေများသည့်မိသားစုများမှာ ပို၍အခက်ကြုံ နီရကတ်ရသည်ဟု ဆိုသည်။
ယင်းအပြင် လက်ကောက်ဈီးစစ်ဖီးယှောင်စခန်းတွင် ကျောင်းနီအရွယ်အချေများ ကျောင်းတက်ရန် စာအုပ်စာတမ်း များ၊ စာရွီးကိရိယာများနန့် မီးဖိုချောင်သုံးပစ္စည်းများလေ့ အရေးတကြီး လိုအပ်လျက်ဟိကြောင်း သိရသည်။
လက်ကောက်ဈီးစစ်ဖီးယှောင်စခန်းတွင် လက်ဟိအိမ်ထောင်စု ၁၇၈ စုနန့် လူဦးရေ ၆၈၃ ယောက်ခိုလှုံလျက် ဟိသည်ဟု သိဟိရသည်။
