APM၊ အောက်တိုဘာ ၂၀/၂၀၂၂
ဘူးသီးတောင်မြို့နယ်တွင် အောက်တိုဘာ ၁၉ ရက်နိ ညည့် ၈ နာရီခွဲအချိန်ခန့်၌ ARSAအဖွဲ့ဝင် ၅ ယောက်မှ ဒေသခံမူဆလင်တယောက်ကို သီနတ်ဖြင့် ပစ်သတ်ခကြောင်း သတင်းရဟိသည်။
ARSAအဖွဲ့ဝင်များ၏ သီနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေရွာကြီးမှ အဖဦးကာဘူကာဆိမ့်၏သား ဦးဖွေယာစ်(၄၂နှစ်) ဖြစ်သည်။
ဦးဖွေယာစ်သည် အလုပ်ကိစ္စတခုဖြင့် ကျောက်ဆိပ်ရွာသို့ လားရောက်ခခြင်းဖြစ်ပြီး ဦးလှဖေရွာကြီးသို့ အပြန် ကျောက်ဆိပ်ရွာ အနောက်ဖက် ဝါး(၁၀၀)ခန့်အကွာ၌ ARSA အဖွဲ့ဝင် ယာဆိမ့်အူလ္လာလ်(၃၁နှစ်)ဦးဆောင်သည့် အဖွဲ့ဝင် ၅ ယောက်ခန့်က အသင့်စောင့်နီကာ ပစ္စတိုဖြင့် ပစ်သတ်ခခြင်းဖြစ်သည်ဟု ဒေသခံမူဆလင်များက ပြောသည်။
သီနတ်ပစ်ခံရခြင်းကြောင့် ဦးဖွေယာစ်၏ ညာဖက်ပက်ခုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရဟိလား၍ ခွဲစိတ်ကုသရန် ဘူးသီးတောင်ဆီးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ယာဆိမ့်အူလ္လာလ်အား ARSA အဖွဲ့မှ ပစ္စတိုတလက်ထုတ်ပီးထားပြီး သူသည် လူစုဖွဲ့လျက် အနီးအနားမှ မူဆလင်ရွာများအတွင်းသို့ ဝင်ရောက်လှုပ်ယှားလိဟိသည့်အပြင် ရွာသားများကိုလေ့ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်လိဟိကြောင်း ဒေသခံ မူဆလင်ရွာသားများက ဆိုသည်။
ပြီးခသည့် အောက်တိုဘာ ၆ ရက်နိကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ရွာမှ ဦးဆာလာမောက်ဆိုသူကို ARSA အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခကြောင်း သိရသည်။