APM၊ နိုဗမ်ဘာ ၂၀/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲကို လာမည့် နိုဗမ်ဘာ ၂၈ ရက် (တလင်းလာနိ) မိုးထ ၁၀ နာရီတွင် ကျင်းပပြုလုပ်လားမည်ဖြစ် ကြောင်း ULA/AA ၏ တရားဝင်လူမှုကွန်ရက်စာ မျက်နှာများ၌ ဒေနိ(နိုဗမ်ဘာ ၂၀ ရက်နိ) ထုတ် ပြန်ကြေညာထားသည်။
ကြေညာချက်အရ “ဆဋ္ဌမအကြိမ်မြောက်သတင်းစာယှင်းလင်းပွဲတွင်လေ့ အယင်သတင်းစာယှင်းလင်း ပွဲများနည်းတူ “ရက္ခိုင် ဘာ သာစကားဖြင့်သာ” ပြောဆိုယှင်းလင်းလားမည်ဖြစ်ပြီး၊သတင်းစာယှင်းလင်း ပွဲသို့တက်ရောက်လိုသည့်သတင်းထောက်များ အနီနန့် (https://forms.gle/9FkNHENUvZ9R1sMp9) လင့်ဒ်တွင် အယင်အကြိမ်များနည်းတူ ဦးစွာ ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ကာ၊ စာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်”ဟု ဆိုသည်။
ယင်းအပြင် စာရင်းသွင်းထားသောသတင်းထောက်များအား သတင်းစာ ယှင်းလင်းပွဲအတွက် လိုအပ်သော အချက် အလက်များကို Email ကတဆင့် ပီးပို့လားမည်ဖြစ်ပြီး၊ သတင်းထောက်များ အနီနန့် မိန်းမြန်း လိုသော မိန်းခွန်းများကို နိုဗမ်ဘာ ၂၃ ရက်(ဗုဒ္ဓဟူးနိ) မိုးထ ၉ နာရီအချိန် နောက်ဆုံးထား၍ press.ula.aa@protonmail.com သို့ ပီးပို့ထားရမည် ဖြစ်သည်။
အချိန်ကျော်လွန်ပြီးမှပီးပို့လာသောသတင်းထောက် များ၏ မိန်းခွန်းများကို လက်ခံဖြေကြားပီးမည် မဟုတ်သည့်အတွက် ကြိုတင်၍ မိန်းခွန်းများကို ပီးပို့ရန် လိုအပ်ကြောင်းနန့် သတင်းသမား တယောက်ကို ကြိုတင်မိန်းခွန်း (၂) ခု ခန့်သာ မိန်းမြန်းခွင့်ပြုမည်ဖြစ်ကြောင်းလေ့ ULA/AA ၏ ကြောညာချက်၌ ဖော်ထားသည်။
ယင်းနည်းတူ ULA/AA ၏ Telegram Channel ကို ဒေဂုဖော်ပြထားသည့်လင့်ဒ်(https://t.me/+zqAxBCBh34BkZjll) မှတဆင့် Subscribe လုပ်ထားရန်နန့် ယင်း Telegram Channel မှလေ့ ULA/AA ၏ တရားဝင်ထုတ်ပြန်ချက်များကို ထုတ်ပြန်လားမည်ဟုလေ့ULA/AA ၏ ဆဋ္ဌမအကြိမ် မြောက် သတင်းစာယှင်းလင်းပွဲ ကြေညာချက်တွင် တိုက်တွန်း အသိပီး ဖော်ပြထားပါသည်။