
APM၊ နိုဗမ်ဘာ ၂၀/၂၀၂၂
မင်းပြား-မြေပုံ-ပေါက်တော လမ်းသုံးခွဆုံတွင် နိုဗမ်ဘာ ၁၈ ရက်နိ၌ စစ်ကောင်စီတပ်ဖမ်းယူလားခသည့် မြေပုံမြို့နယ်မှ အပြစ်မဲ့ပြည်သူ ၃ ယောက်အား လက်ဟိအချိန်ထိ မိသားစုများ အဆက်အသွယ်မရသိမ့်ကြောင်း သိရသည်။
အဖမ်းခံရသူများမှာမြေပုံမြို့နယ်ဝက်ဂေါင်းရွာမှ ကိုအောင်ဝင်းစိုး (၂၆ နှစ်)၊ ကိုမောင်သန်းညွှန့် (၂၉ နှစ်)နန့် ဦးအောင်ဝေသိန်း (၃၅ နှစ်) ရို့ဖြစ်ကတ်သည်။
ကိုအောင်စိုးဝင်း၊ ကိုမောင်သန်းညွန့်နန့် ဦးအောင်ဝေသိန်းရို့သည် ကုန်ခသည့် နိုဗမ်ဘာ ၁၈ ရက်နိ ညဇာ ၄ နာရီခန့်၌ ဘေးတွဲဆိုင်ကယ်ဖြင့် လာစဉ် မင်းပြား-မြေပုံ-ပေါက်တော လမ်းခွဆုံ၌ စစ်ဆီးရီးလုပ်နီသည့် မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ( ၅၄၁)၊ ခမရ(၃၇၉)၊ ခမရ(၃၈၀)တပ်ရင်းများမှ ပူးပေါင်းအင်အား ၄၀ ခန့်မှ ဖမ်းဆီးခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို မင်းပြားတောင်မော်ဦးတောင်ထက်သို ခေါ်ဆောင်လားခကြောင်းသိရသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည် မြို့နယ် အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များအ ပါအဝင်အပြစ်မဲ့အရပ်သားပြည်သူများကိုမတရား ဖမ်းဆီး၍ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုလျက် ဟိကြောင်းသိရသည်။
