
APM၊ နိုဗမ်ဘာ ၂၀/၂၀၂၂
ဘူးသီးတောင်မြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၂၀ ရက်နိ) နိခင်း ၁၂ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် စပါးရိတ်နီသည့် မူဆလင် တယောက်ထိခိုက်ဒဏ်ရာ ရဟိလားကြောင်း သိရသည်။
ဒဏ်ရာရဟိလားသူမှာ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း(မူဆလင်)ရွာမှ (အဖ)ဦးဟာဆောင်း ၏သား ကိုမာမောက်တူဆောင်း (၂၇-နှစ်) ဖြစ်သည်။
ကိုမာမောက်တူဆောင်းသည် ဒေနိ နိခင်း ၁၂ နာရီခွဲအချိန်၌ ဖိုးခေါင်ချောင်းရွာ အရှိဖက်၊ ပေ(၃၀၀)ခန့်အကွာဟိ လယ်ကွင်းထဲတွင် စပါးရိတ်နီစဉ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်အုပ်စု၊ သရက်တောင်(မူဆလင်)ရွာ၌ အခြီစိုက်သည့် စစ်ကောင်စီတပ် ခမရ(၂၁၀)တပ်ရင်းမှလက်နက်ကြီးဖြင့် ပစ်ခတ်ခသည်။
လက်နက်ကြီးကျည်များသည် ကိုမာမောက်တူဆောင်းစပါးရိတ်နီသည့် လယ်ကွင်းနား၌ ၃ လုံးကျရောက်ပေါက်ကွဲခပြီး ကို မာမောက်တူဆောင်း၏ ညာဖက်နားရွက်တွင် ကျည်စထိမှန်ဒဏ်ရာရလားခသည်။
ကုန်ခသည့် နိုဗမ်ဘာ ၁၉ ရက်နိကလေ့ စစ်ကောင်စီတပ်၏ လက်နက် ကြီးပစ်ခတ်မှုကြောင့်ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းအုပ်စု၊ ပြိုင်းတောင်(မူဆလင်)ရွာမှ ဆိတ်ကျောင်းသည့် မူဆလင် တယောက် ထိခိုက်ဒဏ်ရာရလားခသိမ့်သည်။
စစ်ကောင်စီ၏ တပ်မ(၂၂) လက် အောက်ခံ ခမရ(၂၁၀)နန့် ခမရ (၂၀၉)တပ်ရင်းများသည် ဘူးသီးတောင်မြို့နယ်ဟိ မူဆလင်ရွာများဖြစ်သည့် တင်ဆက်၊ ဂူတာပြင်၊ ဖရုံချောင်း၊ သရက်တောင်ရွာများတွင် အခြီပြုတပ်စွဲကာ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများသို့ နိစဥ်ရက်ဆက် ပစ်ခတ်နီသဖြင့် ဒေသခံရွာသားများ လက်နက်ကြီးထိမှန်သီဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရဟိခြင်းများ နိတိုင်းနီးပါးကြုံတွိနီရသည်ဟုသိရသည်။
