ရက္ခိုင်ပြည်သူ့အစိုးရအနီဖြင့် ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေနန့်အညီ စီရင်ဆောင်ရွက်လျက်ဟိ
APM၊ အောက်တိုဘာ ၂၀/၂၀၂၂
ဘူးသီးတောင်မြို့နယ်မှ အမျိုးသမီးတဦးအား ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၂ ယောက်က အဓမ္မပြုကျင့်ခမှုနန့် ပတ်သက်၍ ၎င်း တပ်ဖွဲ့ဝင် နှစ်ယောက်ကို ပြစ်မှုနန့်ထိုက်တန်သည့်ပြစ်ဒဏ် စီရင်ချက်ချပြီး ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ဒေနိ (အောက်တိုဘာ ၂၀ရက်နိ)၌သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ “၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နိ၊ နိခင်း(၁)နာရီ၊ မိနစ်(၃၀)ခန့်က ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ဟိ ရဲဘော်နှစ်ယောက်သည် ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင်ကျေးရွာအုပ် စုမှအသက်(၃၀)အရွယ်အိမ်ထောင်သည်အမျိုး သမီး တဦးအား ၎င်း၏နီအိမ်၌လက်နက်အားကိုးဖြင့်အဓမ္မပြုကျင့်ခသည်ဟု ကျူးလွန်ခံရသူမှတိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော် အနီဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျစစ်ဆီးရာ ရက္ခိုင့်တပ်တော်၊ စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန် ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနားပတ်ဝန်းကျင်မှ သက်သီအချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆီးပြီးနောက် ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးမှာပြစ်မှုမြောက်ကြောင်းထင်ရှားပြီး၊ တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရီး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထား သည့်အပြင် အဆိုပါတပ်သား နှစ်ယောက်မှလေ့ ၎င်းနိရက်၌ ခွင့်ပြုချက်မရဘဲ အရက်သီစာသောက် စားမူးယစ်ပြီး နောက် အမှန် တကယ် အဓမ္မပြုကျင့်ခသည်ဟု နှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံထွက်ဆိုထားကြောင်း” ဖော်ပြပါဟိသည်။
ထို့ကြောင့် “အဆိုပါပြစ်မှုကျူးလွန်ခသူ တပ်သား ၂ ယောက်အား တပ်တော်၏စစ်ဥပဒေနန့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်နိတွင် နစ်နာသည့် မိသားစုဝင်များ၊ ကျေးရွာဂေါင်းဆောင်အချို့နန့် ဘာသာရီးဂေါင်းဆောင်အချို့ရို၏ ရှိမှောက်၌ ၎င်းပြစ်မှုနန့် ထိုက်တန်သည့် ပြစ်ဒဏ်ကို အလုပ်ကြမ်းနန့် ထောင်ဒဏ်အနှစ်(၂၀)အပြင်၊ ကြိမ်ဒဏ်ကြီး အချက်(၃၀)ကိုပါ ချမှတ်၍ ၊ “ကြိမ်ဒဏ်” ကို စီရင်ပြီးဖြစ်ကြောင်း” ULA ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါသည်။
ယင်းအပြင် ရက္ခိုင်ပြည်သူ့အစိုးရသည် အာရက္ခဒေသအတွင်း”တရားမျှတ၊ ပြည်အာရက္ခ” ဆောင် ပုဒ်နန့်အညီ အာရက္ခပြည်သူလူထု များ၏ တရားမျှတမှုရဟိရီးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ဟိကြောင်း၊ အလားတူပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုးဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနန့်အညီ စီရင်ဆောင်ရွက်လျက်ဟိကြောင်းလေ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA ၏ ဒေနိထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။