APM၊ အောက်တိုဘာ ၂၀/၂၀၂၂
ဘူးသီးတောင်မြို့နယ်တွင် ဒေနိ(အောက်တိုဘာ ၂၀ ရက် နိ)၌လေ့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ် ခတ်မှုကြောင့်(၅)နှစ်အရွယ်မူဆလင်ချေတယောက် ထိခိုက်ဒဏ်ရာရလားကြောင်း သိရသည်။
ဒဏ်ရာရလားသူမှာ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း (မူဆလင်)ရွာမှ အဖဦးကော်ရီမူလ္လာ၏သား မောင်နီယာမိုတူလ္လာ(၅နှစ်) ဖြစ်ပြီးဒေနိမိုးထ(၁၁) နာ ရီခန့်မှစတင်၍ဂူတာပြင်အုပ်စု၊သရက်တောင်ရွာဟိ စေတီကုန်း၌အခြီစိုက်ထားသောစစ်ကောင်စီတပ်၊ ခမရ (၂၁၀) တပ်ရင်းမှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တသိတမင် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခခြင်းဖြစ်သည်။
ယင်း လက်နက်ကြီးကျည်သည် ဖရုံချောင်း (မူဆ လင်) ရွာအနားတွင် ကျရောက်ပေါက်ကွဲခပြီး ရွာနားဟိလယ်ကွင်းပြင်၌ ကဇတ်နီသည့် မောင်နီယာမိုတူလ္လာအားထိမှန်ကာ ညာဖက်ခြီထောက်၌ ဒဏ်ရာရဟိလားကြောင်းသိရသည်။
ကုန်ခသည့် အောက်တိုဘာ ၁၈ ရက်နိကလေ့ အဆို ပါ ခမရ(၂၁၀) တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒိုင်းနက်ပြင်ရွာမှ မူဆလင်တဦး သီဆုံးလားခရသိမ့်သည်။
ယင်း စစ်ကောင်စီတပ် ခမရ(၂၁၀)တပ်ရင်းသည် ဂူတာပြင်အုပ်စု၊သရက်တောင်ရွာ၌ခြီကုပ်ယူကာအနီး အနားမှ ဒေသခံ မူဆလင်ရွာသားများကို ရွာမှ နှင် ထုတ်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနန့်လေ့ နိစဉ်နိတိုင်း ပစ်ခတ် ခြိမ်းခြောက်မှုများ ပြု လုပ် လိဟိကြောင်း သိဟိရပါသည်။