APM၊ စပ်တမ်ဘာ ၂၀/ ၂၀၂၃
ကနေဒါနိုင်ငံမာ ဆစ်ခ်ဘာသာရီးဂေါင်းဆောင်တယောက်သတ်ဖြတ်ခံရမှုမာ အိန္ဒိယအစိုးရပါဝင်ပတ်သက်မှုဟိကြောင်း ကနေဒါအစိုးရက စွပ်စွဲပြီးကေ စပ်တမ်ဘာ ၁၉ ရက်နိမာ အိန္ဒိယသံအမတ်ကို နှင်ထုတ်ခရေနောက် အိန္ဒိယကလေ့ ကနေဒါ သံအမတ်ကို နှင်ထုတ်လိုက်ပါရေ။
ဆစ်ခ်ဘာသာရီးဂေါင်းဆောင်ယောက်ဖြစ်တေ အိန္ဒိယနွယ်ဖွား ကနေဒါနိုင်ငံသား ဟာဒီပ်ဆင်းဂ် နစ်ဂျာစွာ ကုန်ခရေ ဂျုန် ၁၈ ရက်နိ က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မာဟိရေ ဆစ်ခ်ဘုရားကျောင်းအပြင်ဖက်မာ သီနတ်နန့် ပစ်သတ်ခံခရပါရေ။
ယင်းဆစ်ခ်ဂေါင်းဆောင်သတ်ဖြတ်ခံရမှုမာ အိန္ဒိယအစိုးရ ပါဝင်ပတ်သက်နီကြောင်းနန့် ကနေဒါမြီမာ ကနေဒါ နိုင်ငံသား တယောက်ကို နိုင်ငံခြားအစိုးရပါဝင်ပတ်သက်မှုနန့် သတ်ဖြတ်ခံရရေကိစ္စစွာ လက်ခံနိုင်စရာကိစ္စမဟုတ်ဘဲ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုက စပ်တမ်ဘာ ၁၈ ရက်နိက ပြောကြားခပါရေ။
ယင်းနောက် နှစ်ဖက်ဆက်ဆံရီးဆိုးလာပြီးကေ ကနေဒါနိုင်ငံက အိန္ဒိယသံအမတ် ပါဗန်ကူမားရိုင်းကို နှင်ထုတ်လိုက်ပါရေ။
အိန္ဒိယအစိုးရကတော့ ကနေဒါအစိုးရ၏ စွပ်စွဲချက်တိကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချရေလို့ ထုတ်ပြန်ခပြီးကေ အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ကင်မရွန် မက်ကေကိုလည်း ၅ ရက်အတွင်း အိန္ဒိယက ထွက်လားဖို့ တုံ့ပြန်ခစွာပါ။
အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်မာ အိန္ဒိယနိုင်ငံပြည်တွင်းရီးမာ ကနေဒါသံအမတ်တိ၏ ဝင်ရောက်စွက်ဖက်မှုနန့် အိန္ဒိယဆန့်ကျင် ရီးလှုပ်ယှားမှုတိမာ ပါဝင်ပတ်သက်နီမှုတိနန့်ပတ်သက်လို့ အိန္ဒိယက စိုးရမ်မှုကြီးထွားလာရေအတွက် ဆုံးဖြတ်ချက်ချလိုက်စွာလို့ ဖော်ပြထားပါရေ။
အသက် ၄၅ နှစ်အရွယ် နစ်ဂျာစွာ ဗန်ကူးဗားမြို့ဟိ ဂုရုနာနက်ခ် ဆစ်ခ်ဘုရားကျောင်းအပြင်ဖက်က ကားထဲမာ မျက်နှာဖုံးစွပ်ထား ရေ သီနတ်သမား နှစ်ယောက်၏ ပတ်သတ်မှုကို ခံခရစွာဖြစ်ပါရေ။
နစ်ဂျာစွာ ဆစ်ခ်ဘာသာရီးဂေါင်းဆောင်အဖြစ် ထင်ယှားပြီးကေ အိန္ဒိယနိုင်ငံ၊ပန်ဂျပ်ပြည်နယ်မာ ဆစ်ခ်လူမျိုးတိ၏ ခါလီစတန် နယ်မြီထူထောင်ရီးနန့် ခွဲထွက်ရီးလှုပ်ယှားမှုတိကို ဦးဆောင်နီရေအတွက် အိန္ဒိယအစိုးရက အကြမ်းဖက်သမားအဖြစ် သတ်မှတ် ထားပါရေ။
Source – India expels Canadian diplomat, escalating tensions after Trudeau accuses India in Sikhs killing
Photo The Canadian Press