
APM၊ စပ်တမ်ဘာ ၂၀/ ၂၀၂၃
ဂျပန်နိုင်ငံအပါအဝင် နိုင်ငံ ၄နိုင်ငံကို စပ်တမ်ဘာလ ၇ ရက်နိကစလို့ဗီဇာကင်းလွတ်ခွင့်ပီးလိုက်တေလို့ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရီးဦးစီးဌာနက စပ်တမ်ဘာ ၁၉ ရက်နိမာ ထုတ်ပြန်ပါရေ။
ဗီဇာကင်းလွတ်ခွင့်ပီးလိုက်တေ နိုင်ငံတိမာ ဂျပန် ၊ ဘယ်လာရုစ် ၊ မော်ရိုကို နန့် နီပေါနိုင်ငံရို့ဖြစ်ပြီးကေ သံတမန်နိုင်ငံကူးလက်မှတ်နန့် အထူးနိုင်ငံကူးလက်မှတ်တိကို ကိုင်ထားရေ လူတိရာဖြစ်ရဖို့လို့ ဆိုပါရေ။
ယင်း ဗီဇာကင်းလွတ်ခွင့်ကို နှစ်ဖက်နိုင်ငံတိက အပြန်အလှန် ကျင့်သုံးလားဖို့ဖြစ်ပြီးကေ ဗီဇာကင်းလွတ်ခွင့်ရ လူတိစွာ နိုင်ငံ၏ သတ်မှတ်ချတ်အလိုက် ပြည်တွင်းမာ ရက်ပေါင်း ၃၀ ကနီ ၉၀ အထိ နီထိုင်ခွင့်ဟိကြောင်း ဖော်ပြထားပါရေ။
လက်ဟိအချိန်အထိ မြန်မာပြည်နန့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရထားရေ နိုင်ငံ ၂၄ နိုင်ငံဟိပြီးကေ ယင်းအထဲမာ အာဆီယံ နိုင်ငံ ၉ နိုင်ငံအပြင် ဘင်္ဂလားဒေ့ချ်၊ ဘရာဇီး၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုးလီးယား၊ ရုသျှား ၊ ဆားဘီးယား၊ သီရိလင်္ကာနိုင်ငံရို့ ပါဝင်ပါရေ။
ကုန်ခရေ ရက်ပိုင်းကလည်း စစ်ကောင်စီရေ မြန်မာပြည်သို့ လီကြောင်းခရီး နန့် ဝင်ရောက်ဖို့ တရုတ်နိုင်ငံနန့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တိအတွက် ဆိုက်ရောက်ဗီဇာကို ခွင့်ပြုပီးခပါသိမ့်ရေ။
Photo – Yangon aerodrome
