APM၊ စပ်တမ်ဘာ ၂၀/၂၀၂၂
ကျောက်တော်တွင် ဒေနိ(စပ်တမ်ဘာ ၂၀ ရက်နိ)ညဇာ ၄ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံမိသားစု ၄ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သတင်းရဟိသည်။
ဒဏ်ရာရလားသူများမှာ ကျောက်တော်မြို့နယ်၊ နဂရာရွာမှ ဒေါ် ဦးယဉ်သန်း(၄၄ နှစ်)၊ ဒေါ်မယဉ်ဦး(၆၅ နှစ်)၊ မောင် မျိုးလှိုင်ဝင်း(၁၈ နှစ်) နန့် မောင်မင်းအေးစိုး(၁၄ နှစ်) ရို့မိသားစု ၄ ယောက်ဖြစ်ပြီး ကျောက်တော် အခြီစိုက် စစ်ကောင်စီတပ် စကခ(၉)၌ ကမ်းကပ်လျက်ဟိသော စစ်ရီယဉ်(နေဗီ) မှ နဂရာရွာသို့ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်ခခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်သည် ဒေါ် ဦးယဉ်သန်း၏ နီအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ဒေါ်ဦးယဉ်သန်း၊ ဒေါ်ဦးယဉ်သန်း၏ အမိဖြစ်သူ ဒေါ် မယဉ်ဦး နန့် သားနှစ်ယောက်ဖြစ်သူ မောင် မျိုးလှိုင်ဝင်း၊ မောင် မင်းအေးစိုးရို့မိသားစု ၄ ယောက်၏ နောက်ကုန်းနန့် ဂေါင်းအပါအဝင် ခန္ခာကိုယ်အနှံတွင် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရလားကာ ဆီးကုသမှု ခံယူနီရကြောင်း ရွာသားများက ပြောသည်။
ကုန်ခသည့် ဩဂတ်စ် ၂၈ ရက်နိကလေ့ မြောက်ဦးအခြီးစိုက် စစ်ကောင်စီတပ် ခမရ (၃၇၇) နန့် ခမရ (၃၇၈) တပ်ရင်းများမှ မြောက်ဦးမြို့နယ် ကင်းဆိပ် ရွာသို့ လက်နက်ကြီးများနန့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခသည့်အတွက် အသက်(၅)နှစ်အရွယ် မောင်မြတ်သူလင်း၊ ဒေါ်အေးယဉ်နု (၆၈ နှစ်) နန့် ဦးလှအောင်သိန်း (၃၈ နှစ်)ရို့ သီဆုံးခရကာ လူ ၉ ယောင် ထက်မနည်းဒဏ်ရာရ လားခသည်။
ယင်းနည်းတူ ဩဂတ်စ် ၂၇ ရက်နိ၌ မောင်တောမြောက်ပိုင်း အောင်စစ်ပြင်ရွာတွင် အခြီစိုက်ထားသော စစ်ကောင်စီနယ်ခြားစောင့်တပ် နခခ (၇) တပ်ရင်းမှ မောင်တောမြို့နယ် မင်းကြီးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်သည့်အတွက် မင်းကြီးရွာမှ အသက် ၆၂ နှစ် အရွယ် ဒေါ် မေသာစိန်မှာ ပွဲချင်းပြီး သီဆုံးလားခရသိမ့်သည်။
စစ်ကောင်စီတပ်သည် ယင်းသို့ အပြစ်မဲ့ပြည်သူများ နီထိုင်ရာ ရပ်ရွာများကို ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်နီ သည့်အပြင် တိုက်ပွဲဖြစ်ရာ အနားပတ်ဝန်းကျင်မှ ဒေသခံပြည်သူများကိုလေ့ မတရားဖမ်းဆီး ပေါ်တာဆွဲကာ လူသားဒိုင်း ကာ အဖြစ် အသုံးပြုခြင်းများပြုလုပ်လျက်ဟိကြောင်း သိဟိရပါသည်။
စစ္ေကာင္စီတပ္ ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲ၍ ေက်ာက္ေတာ္ေဒသခံ ၄ ေယာက္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရ
(Zawgyi)
APM၊ စပ္တမ္ဘာ ၂၀/၂၀၂၂
ေက်ာက္ေတာ္တြင္ ေဒနိ(စပ္တမ္ဘာ ၂၀ ရက္နိ)ညဇာ ၄ နာရီခြဲအခ်ိန္ခန႔္က စစ္ေကာင္စီတပ္မွ ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အျပစ္မဲ့ေဒသခံမိသားစု ၄ ေယာက္ျပင္းျပင္းထန္ထန္ ဒဏ္ရာရလားေၾကာင္း သတင္းရဟိသည္။
ဒဏ္ရာရလားသူမ်ားမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ နဂရာ႐ြာမွ ေဒၚ ဦးယဥ္သန္း(၄၄ ႏွစ္)၊ ေဒၚမယဥ္ဦး(၆၅ ႏွစ္)၊ ေမာင္ မ်ိဳးလႈိင္ဝင္း(၁၈ ႏွစ္) နန႔္ ေမာင္မင္းေအးစိုး(၁၄ ႏွစ္) ႐ို႕မိသားစု ၄ ေယာက္ျဖစ္ၿပီး ေက်ာက္ေတာ္ အၿခီစိုက္ စစ္ေကာင္စီတပ္ စကခ(၉)၌ ကမ္းကပ္လ်က္ဟိေသာ စစ္ရီယဥ္(ေနဗီ) မွ နဂရာ႐ြာသို႔ ရည္႐ြယ္ခ်က္ဟိဟိ ပစ္ခတ္တိုက္ခိုက္ချခင္းျဖစ္သည္။
ယင္းလက္နက္ႀကီးက်ည္သည္ ေဒၚ ဦးယဥ္သန္း၏ နီအိမ္အတြင္းသို႔ က်ေရာက္ေပါက္ကြဲျခင္းျဖစ္ၿပီး ေဒၚဦးယဥ္သန္း၊ ေဒၚဦးယဥ္သန္း၏ အမိျဖစ္သူ ေဒၚ မယဥ္ဦး နန္႔ သားႏွစ္ေယာက္ျဖစ္သူ ေမာင္ မ်ိဳးလႈိင္ဝင္း၊ ေမာင္ မင္းေအးစိုး႐ို႕မိသားစု ၄ ေယာက္၏ ေနာက္ကုန္းနန႔္ ေဂါင္းအပါအဝင္ ခႏၡာကိုယ္အႏွံတြင္ ဒဏ္ရာမ်ား ျပင္းျပင္းထန္ထန္ရလားကာ ဆီးကုသမႈ ခံယူနီရေၾကာင္း ႐ြာသားမ်ားက ေျပာသည္။
ကုန္ခသည့္ ဩဂတ္စ္ ၂၈ ရက္နိကေလ့ ေျမာက္ဦးအၿခီးစိုက္ စစ္ေကာင္စီတပ္ ခမရ (၃၇၇) နန႔္ ခမရ (၃၇၈) တပ္ရင္းမ်ားမွ ေျမာက္ဦးၿမိဳ႕နယ္ ကင္းဆိပ္ ႐ြာသို႔ လက္နက္ႀကီးမ်ားနန႔္ လူမဆန္စြာ ပစ္ခတ္တိုက္ခိုက္ခသည့္အတြက္ အသက္(၅)ႏွစ္အ႐ြယ္ ေမာင္ျမတ္သူလင္း၊ ေဒၚေအးယဥ္ႏု (၆၈ ႏွစ္) နန႔္ ဦးလွေအာင္သိန္း (၃၈ ႏွစ္)႐ို႕ သီဆုံးခရကာ လူ ၉ ေယာင္ ထက္မနည္းဒဏ္ရာရ လားခသည္။
ယင္းနည္းတူ ဩဂတ္စ္ ၂၇ ရက္နိ၌ ေမာင္ေတာေျမာက္ပိုင္း ေအာင္စစ္ျပင္႐ြာတြင္ အၿခီစိုက္ထားေသာ စစ္ေကာင္စီနယ္ျခားေစာင့္တပ္ နခခ (၇) တပ္ရင္းမွ ေမာင္ေတာၿမိဳ႕နယ္ မင္းႀကီး႐ြာသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္လိုက္သည့္အတြက္ မင္းႀကီး႐ြာမွ အသက္ ၆၂ ႏွစ္ အ႐ြယ္ ေဒၚ ေမသာစိန္မွာ ပြဲခ်င္းၿပီး သီဆုံးလားခရသိမ့္သည္။
စစ္ေကာင္စီတပ္သည္ ယင္းသို႔ အျပစ္မဲ့ျပည္သူမ်ား နီထိုင္ရာ ရပ္႐ြာမ်ားကို ရည္႐ြယ္ခ်က္ဟိဟိ ပစ္ခတ္တိုက္ခိုက္နီ သည့္အျပင္ တိုက္ပြဲျဖစ္ရာ အနားပတ္ဝန္းက်င္မွ ေဒသခံျပည္သူမ်ားကိုေလ့ မတရားဖမ္းဆီး ေပၚတာဆြဲကာ လူသားဒိုင္း ကာ အျဖစ္ အသုံးျပဳျခင္းမ်ားျပဳလုပ္လ်က္ဟိေၾကာင္း သိဟိရပါသည္။