
APM ၊ ဩဂတ်စ် ၂၀ / ၂၀၂၃
ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု ပြင်းထန်လာ၍ ဩဂတ်စ် ၁၉ ရက်နိတွင် သတိပီး ချက်ထုတ်ပြန်ကာ လူပေါင်း ၃၅၀၀၀ ကျော်ကို ဖီးလွတ်ရာသို့ ရွှိပြောင်းပီးနီကြောင်း အာဏာပိုင်များက ဆိုသည်။
တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားလာသည့်အတွက် လူပေါင်း ၃၅,၀၀၀ ခန့်ကို ရွှိပြောင်းပီးနီပြီး နောက်ထပ်လူ ပေါင်း ၃၀,၀၀၀ ကို ဖီးလွတ်ရာသို့ ရွှိပြောင်းပီးရန် ညွှန်ကြားထားသည်ဟု ကနေဒါအစိုးရက ထုတ်ပြန်ထားသည်။
ကုန်ခသည့် ရက်ပိုင်းမှစ၍ ကနေဒါနိုင်ငံ၏ အနောက်မြောက်ဖက်ဒေသများတွင် တောမီးလောင်မှု ၂၀၀ ကျော် တပြိုင်နက် တည်းဖြစ်ပွားနီပြီး လီပြင်းတိုက်ခတ်များကြောင့် ဒေဂုရက်ပိုင်းအတွင်း ပို၍ပြင်းထန်လာသည်။
လူဦးရေ ၁၅၀,၀၀၀ လောက်နီထိုင်သည့် Kelowna မြို့တဝိုက်တွင် တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ အများ အပြား ပျက်စီးခကာ ဩဂတ်စ် ၁၈ ရက်နိကစ၍ အာဏာပိုင်များက လူပေါင်း ၂၀,၀၀၀ ကို ဖီးလွတ်ရာသို့ ရွှိပြောင်းရန် ညွှန်ကြားခသည်။
အလားတူတောမီးလောင်ကျွမ်းမှုဖြစ်ပွားနီသည့် ယဲလိုးနိုက်ဖ်မြို့ဟိ ဒေသခံ လူပေါင်း ၂ သောင်းလောက်သည် ဩဂတ်စ် ၁၈ ရက်နိတွင် အပြီးပြောင်းရွှိပီးရန် အာဏာပိုင်များ၏ ညွှန်ကြားချက်ကြောင့် ရွှိပြောင်းပီးခရသည်။
မီးလောင်မှုများသည် လီပြင်းတိုက်ခတ်မှုကြောင့် ဒေဂုအပတ်အတွင်း မြို့စွန်များသို့ ရောက်ဟိနိုင်ကြောင်း မီးသတ်တပ်ဖွဲ့ များက သတိပီးထားပြီး မီးလောင်ရာမှထွက်သည့်မီးခိုးများသည် အမေရိကန်နိုင်ငံသို့ပါရောက်ဟိကာ အန္တရာယ်ဟိသည့် လီထုညစ်ညမ်းမှုများ ဖြစ်ပေါ်နီကြောင်း သိဟိရသည်။
Source – British Columbia wildfires intensify, doubling evacuations to over 35,000
Photo – Reuters

