APM၊ သြဂတ်စ် ၂၀ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်ဟိ၌ နာမည်မသိ ရောဂါကြောင့် ဝက်များသီဆုံးမှုများပြားနီကြောင်း သိရသည်။
ဝတ်သီဆုံးမှုမှာ လက်ဝဲစာတိုက်တွင် အကောင် ၂၀ ၊ သာစည်တွင်အကောင် ၃၀ ကျော်၊ သဲဖြူချောင်းတွင် အကောင် ၂၀၊ ကန်ချောင်းတွင်အကောင် ၂၀၊ ကွမ်းတောင်တွင် ၁၀ ကျော်စသဖြင့် ရွာတိုင်း နီးပါးတွင် သီဆုံးမှုဟိနီသည်။
ယင်းရောဂါမှာ မုန်တိုင်းအပြီးမှစ၍ ဖြစ်ပွားနီခြင်းဖြစ််ပြီး ဝက်တကောင်မှ တကောင်သို့ ကူးစက်လျက်ဟိပြီး ရောဂါဖြစ်၍ တပတ်အတွင်းတွင် အစာမစားဘဲ သီဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ဟိတွင် ရွာတိုင်းနီးပါ ဖြစ်ပွားလျက်ဟိရာ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာတွင်လေ့ လက်ဟိ ဝက်သီဆုံးမှုမှာ အကောင် ၃၀ လောက်ဟိနီကြောင်း စပါးထားရွာသားတယောက်ကပြောပါသည်။
ယင်းသို့ ဝက်များသီဆုံးမှုများလာခြင်းကြောင့် ဆီးဝန်ထမ်းများက ဝက်သားများကို ဝယ်စားခြင်းကို ယှောင်ယှားကတ်ရန် အသိပီးထားကြောင်း သိရသည်။
ပုဏ္ဏားကျွန်းနယ်တွင် နီပူလိုက် မိုးရွာလိုက်နန့် ရာသီဥတုမမှန်၍ ဒေသခံများမှာ ရာသီတုတ်ကွေးရောဂါဖြစ်ခြင်း၊ ဝက်များ နာမည်မသိရောဂါ ကူးစက်ခြင်းစသည့် ရောဂါဆိုးများဖြစ် ပေါ်လျက်ဟိနီ ကြောင်းသိရပါသည်။