
APM၊ သြဂတ်စ် ၂၀/၂၀၂၃
စစ်တွေမြို့အဝင်လမ်းတွင် ဒေရက်ပိုင်းအတွင်းမြန်မာစစ်တပ်မှ ခရီးလားပြည်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆီးနီကြောင်း သိရသည်။
စစ်တွေမြို့ အဝင် တပ်ထိန်းဂိတ်နန့်ကျောက်တန်းဂိတ်တွင် ဩဂတ်စ်အစပိုင်းမှစ၍ မြန်မာစစ်တပ်က ခရီးလားပြည်သူ များကို မှတ်ပုံတင်၊အိမ်ထောင်စုဇယား၊ ဆီးလက်မှတ်ကအစ တင်းတင်းကျပ်ကျပ် စစ်ဆီးနီကြောင်း ဒေသခံများကပြော သည်။
အလားတူ လားရန်နီရာနန့် နီရပ်လိပ်စာများကိုလေ့ တိတိကျကျ မိန်းမြန်းသည့်အပြင် ခရီးဆောင်အိပ်များကို ဖွင့်စစ်ခြင်း အပါအဝင် အချိန် ၁ နာရီလောက် စစ်ဆီးမီးမြန်း လျက်ဟိနီသည်ဟုဆိုသည်။
ယင်းသို့ စစ်ဆီးမှုများကြောင့် ခရီးလားပြည်သူများမှာ စိတ်မလုံခြုံမှုများဖြင့် စိုးရိမ်ကြောက်လန့်ကာ လားလာနီကတ်ရပြီး ခရီးလားလာချိန်များလေ့ ကြန့်ကြာကာ အခက်ကြုံနီကတ်ရကြောင်းသိရသည်။
ကုန်ခသည့် ၂၀၂၂ နိုဗမ်ဘာလမှစ၍ ရက္ခိုင့်တပ်တော်နန့် မြန်မာစစ်တပ်ရို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲပြီးနောက် ရက္ခိုင်ပြည်မှ စစ်ဆီးရီးဂိတ်များကို ဖွင့်ပီးခကေလေ့ ဒေဂုမြန်မာစစ်တပ်က ပြန်လည်စစ်ဆီးလာခြင်းဖြစ် သည်။
