
APM ၊ သြဂတ်စ် ၂၀ / ၂၀၂၃
ဘရာဇီးလ်တောင်ပံကဇတ်သမား နေမာသည် ကြွက်သားဒဏ်ရာ ရနီ၍ ဆော်ဒီကလပ် အလ်ယ်-ဟိလယ်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရရန် စပ်တမ်ဘာလအထိ စောင့်ဆိုင်းရဖွယ်ဟိကြောင်း အသင်း၏ နည်းပြဖြစ်သူ (Jesus) ဂျီဆစ် က အတည်ပြု ပြောဆိုသည်။
“နေမာက ကမ္ဘာ့အကောင်းဆုံးကဇတ်သမားတိထဲ အကောင်းဆုံးကဇတ်သမားပါ၊ သူက ကျန်နော်ရို့ကို တိုးတက်အောင်ကူညီပီး နိုင်ဖိုလို့ ထင်ရေ၊ ယေကေလေ့ ဒေဂုအချိန်မှာတော့ သူက ဒဏ်ရာစကေရနီရေအတွက် သူပြန်လာဖို့အချိန်ကို ကျနော်အတိကျမပြောနိုင်ပါသိမ့်။ ကျနော်အထင်တော့ စပ်တမ်ဘာလလယ်လောက်မှ အဆင်သင့် ဖြစ်နိုင်ဖို့ ထင်ပါရေ” ဟု နေမာ အား ကြိုဆိုပွဲအပြီးတွင် နည်းပြ ဂျီဆစ် က ပြောကြားခသည်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး သည် တနှစ်ကို ယူရို သန်း ၈၀ ဖြင့် PSG မှ အယ်လ်-ဟီလာအသင်းသို့ ၂ နှစ်သက်တမ်းဖြင့် ပြီးခသည့်ရက်ပိုင်းက ပြောင်းရွိလာကေလေ့ ဒဏ်ရာပြသနာကြောင့် ပွဲထွက်ကဇတ်ရန် နှောင်းနှေးနီခြင်း ဖြစ်သည်။
ယေဒါလေ့ ၎င်း၏ ဘရာဇီးလက်ရွီးစင်အသင်းကတော့ လာမည့် စပ်တမ်ဘာ ၉ ရက် နန့် ၁၃ ရက်နိတွင် ကဇတ်မည့် ဘိုလီးဗီးယား၊ ပီရူးအသင်းရို့ဖြင့် ပွဲစဉ်အတွက် နေမာ ကို လူစာရင်း၌ ထည့်သွင်းရွီးချယ်ထားကြောင်း သိရသည်။
Source-Al-Hilde’s coach confirmed that Neymar will not be able to play until the end of September/Reuters
Photo – GoaI,com
