APM ၊ ဩဂတ်စ် ၂၀ /၂၀၂၃
ရက္ခိုင်တွင် ဒေဂု ဩဂတ်စ် ၁၂ ရက်မှ ၁၇ ရက်အထိ ၅ ရက်အတွင်း ရီမြုပ်သီဆုံးလူ ၆ ယောက်အထိဟိကြောင်း သိရသည်။
ရီမြုပ်သီဆုံးလားလူများမှာ မြောက်ဦးမြို့နယ်မှ ၂ ယောက်၊ မင်းပြားမြို့နယ်မှ ၁ ယောက်၊ ပေါက်တောမြို့နယ်မှ ၁ ယောက်၊ ရသေ့တောင်မြို့နယ်မှ ၂ ယောက်ရို့ ဖြစ်သည်။
ဩဂတ်စ် ၁၇ ရက်နိတွင် မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဦးမောင်တင်ဝေ (၄၂ နှစ်) မှာ ယင်းရပ်ကွက်အနားဟိ ချောင်းသို့ ငါးရှားလားစဉ် ရီမြုပ်သီဆုံးခရသည်။
ဩဂတစ် ၁၆ ရက်နိကလေ့ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ရွာမှ တက္ကသိုလ်ကျောင်းသား မောင်ကိုဌေးဝင်း (၁၉ နှစ်)မှာ တောင်ဖြူဆည်တွင် ရီဆင်းကူးရာမှ ရီမြုပ်သီဆုံးခသိမ့်သည်။
အလားတူ ဩဂတစ် ၁၆ ရက်နိတရက်တည်းမှာပင် ကြပ်စင်မြစ်အတွင်း ဟွန်ဒါမြုပ်၍ ပျောက်ဆုံးလားသည့် မင်းပြားမြို့နယ်၊ တောင်ရှည်ရွာပြင်မှ ၈ တန်းကျောင်းသား မောင်ညီထက်အောင်(၁၄ နှစ်) ပျောက်ဆုံးလားခပြီး ရီမြုပ်သီဆုံးနီသည့် ရုပ်အလောင်းကို ဩဂတ်စ် ၁၉ ရက်နိညဇာက တွိဟိခရသည်။
ပြီးခသည့် ဩဂတ်စ် ၁၅ ရက်ကလေ့ ပေါက်တောမြို့နယ်၊ င/ဖြူကျေးရွာမှ ဦးအေးထွန်းစိန် (၄၈ နှစ်) မှာ ရွာနားဟိ ချောင်း အတွင်း ကဏန်းမြူးထောင်လားစဉ် ရီမြုပ်သီးဆုံးခရသည့်အပြင် ဩဂတ်စ် ၁၂ ရက်နိကလေ့ ရသေ့တောင်မြို့နယ် ၊ လေးခွဆုံ(ရွာဟောင်း)မှ ၇ နှစ်အရွယ်ဟိ အမြွှာ မောင်နှမနှစ်ယောက်ရို့မှာရီမြုပ်သီဆုံးခရသည်။
APM မှ ကောက်ယူထားသည့် စာရင်းအရ ဒေဂုဩဂတ်စ်လအတွင်းမှာပင် ရက္ခိုင်ပြည်မြို့နယ်များမှ အကြောင်းအမျိုးမျိုး ကြောင့် ရီမြုပ်သီဆုံးလူ ၁၈ ယောက်ထက်မနည်းဟိလာသည်။
ရက္ခိုင်တွင် မိုးရာသီရောက်တိုင်း မြစ်၊ချောင်းများ၌ လှိုင်း၊ လီကြီးတတ်၍ မကြာမကြာ ရီမြုပ်သီဆုံးမှုများ ဖြစ်ပွားလိဟိပြီး၊ ရီကြောင်းခရီးလားလာသူများအနီဖြင့် အထူးပင်သတိထားရန်လားလာကတ်ရန် လိုအပ်လာသည်။