
APM၊ ဩဂတ်စ် ၂၀/ ၂၀၂၃
ကုန်ခသည့် ရက်ပိုင်းက တရုတ်နန့် ဖိလစ်ပိုင်အကြား တင်းမာမှုများဖြစ်ပွားခသည့် ဖိလစ်ပိုင်နိုင်ငံအနောက်ဖက်ဟိ တောင်တရုတ် ပင်လယ်ပြင်တွင် အမေရိကန်၊ ဂျပန်နန့် ဩစတြီးယားနိုင်ငံရို့အကြား ပူးတွဲစစ်ရီးလိကျင့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဒေနိ(ဩဂတ်စ် ၂၀ရက်နိ)တွင် ထုတ်ဖော်ပြောကြားသည်။
ပြီးခသည့် ဩဂတ်စ် ၅ ရက်နိက ပိုင်ဆိုင်မှုအငြင်းပွားခသည့် တောင်တရုတ်ပင်လယ်မှ ကျွန်းတကျွန်းကို ဖိလစ်ပိုင်ထောက်ပို့ သင်္ဘောသားများကို ဆိုက်ကပ်ခရာ တရုတ်ရီတပ်သင်္ဘောများမှ ရီပိုက်များနန့် ပစ်ကာ ဟန့်တားမှုများ ဖြစ်ပွားခပြီးနောက် တင်းမာမှုများ ဖြစ်ပွားခသည်။
လီယာဉ်များနန့် လီယာဉ်တင်သင်္ဘောသုံးစီးဖြင့် ပူးတွဲစစ်အင်အားပြမည်ဖြစ်ပြီး စစ်ရီးလိကျင့်မှု အပြီးတွင် စစ်ရီးလိ ကျင့်မှုပြုလုပ်ခသည့် တပ်မှူးများသည် မနီလာမြို့တွင် ဖိလစ်ပိုင်ရီတပ်မှ တပ်မှူးများနန့် တွိဆုံလားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ရီးလိကျင့်မှုကို လာမည့်အပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ပူးတွဲစစ်ရီးလိကျင့်မှုတွင် စစ်ရီးထောက်ပံ့ပို့ဆောင်ရီး ကန့်သတ်ချက်များကြောင့် ဖိလစ်ပိုင်က ပါဝင်မည်မဟုတ်ကေလေ့ နောက်ထပ်ပူးတွဲစစ်ရီးလိကျင့်မှုများတွင် ပါဝင်နိုင်ရန် အလားအလာဟိကြောင်း ဖိလစ်ပိုင်ရီတပ်မှ ပြောကြားထားသည်။
အမေရိကန်၊ ဂျပန်နန့် သြစတြီးယားရို့သည် တရုတ်နန့် ဖိလစ်ပိုင်အကြား တင်းမာမှုတွင် ဖိလစ်ပိုင်ကိုထောက်ခံကြောင်းနန့် တရုတ်၏ ရန်လိုသည့်အပြုအမှုများကို စိုးရိမ်ကြောင်း အသီးသီးထုတ်ဖော်ပြောဆိုထားသည့် နိုင်ငံများဖြစ်သည်။
Source – US, Japan and Australia plan joint navy drills in disputed South China Sea, Philippine officials say
Photo AP
