APM ၊ ဂျူလိုင် ၂၀ / ၂၀၂၃
ရသေ့တောင်မြို့နယ်မှ ကျေးရွာပေါင်း ၅၀ ကျော်တွင် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန် ထမ်းများနန့် ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက အာရက္ခပြည်သူများအား လူမျိုးမရွီးဘာသာမရွီး နိစဉ်ရက်ဆက် ဆီး ကုသပေးလျက်ဟိကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဒေနိ(ဂျူလိုင် ၂၀ ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ “ရက္ခိုင်ပြည်တွင် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရအနီနန့် Mocha ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်ကပင် မုန်တိုင်းတိုက်ပြီးသည့် ဒေနိကာလအထိ ပြည်သူလူထုများအား ကျန်းမာရီးပြုစုစောင့်ယှောက်မှုများကို ဆက်တိုက်ဆောင်ရွက်လျက်ဟိရာ ရသေ့တောင်မြို့နယ်၌လေ့ အာရက္ခပြည်သူ့အစိုးရ၏ကျန်းမာရီးဝန်ထမ်းများနန့် ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက အာရက္ခပြည်သူများအား လူမျိုးမရွီးဘာသာမရွီး နိစဉ်ရက်ဆက် ဆီးကုသပီးလျက် ဟိသည်” ဟုဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ ရသေ့တောင်မြို့နယ်မှ ရီကောင်းချောင်း၊ အောင်ဆိပ်၊ ဆင်ခုံးတိုင်(မူဆလင်ရွာ)၊ သက်ပြေကျ၊ခရုချောင်း၊ မင်းဖူး၊ အုန်းချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ အာကာတောင်(မူဆလင်ရွာ)၊ ကံဆိပ်(မူဆလင်ရွာ)၊ ကုန်တန်း၊သမီးလှ(ရွာသစ်)၊ သမီးလှ(ရွာဟောင်း)၊ ပြိန်းတော၊ င/စံဘော်၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ရီမျက်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း၊ ဒိုးဝေချောင်း၊ ကြိမ်တန်း၊ မှန်နီပြင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင်၊ အောက်ကျောင်းတောင်၊ခမောင်တုံး၊ကညင်ချောင်း၊ကျွန်းပေါ်ပေါက်တော၊ အောင်သာယာ၊ ကျုံးပြင်၊ ရွှီကံပြင်၊ နေဗီဆိပ်၊ ဆင်အိုး၊ သစ်ကတိုး၊ မီးကျောင်း ရီသောက်၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ မိညိုထောင့်၊ လုံးတင် အစဟိသော ကျေးရွာပေါင်း (၅၀) ကျော်၌ နိစဉ်ရက်ဆက် ဆီးကုသပီးလျက်ဟိသည့်အပြင် နောက်ထပ်ကျေးရွာများဟိ အာရက္ခပြည်သူများကိုလေ့ ဆက်တိုက် ဆီးကုသပီးလျက်ဟိ ကြောင်း သိရသည်။
ယင်းအပြင် “အာရက္ခပြည်သူ့အစိုးရအနီနန့် Mocha ဆိုင်ကလုန်းမုန်တိုင်းမတိုက်ခင်ကာလ၌ မုန်တိုင်းဒဏ်ကျရောက်နိုင် သည့်နီရာများမှ ပြည်သူများအား မုန်တိုင်းဖီးလွတ်ရာသို့ရွှိပြောင်းပို့ဆောင်ပီးခသည်အပြင်၊ မုန်တိုင်းကာလ၌လေ့ အရေးပေါ် အကူအညီများ ဆောင်ရွက်ပီးခသည်”ဟုလေ့ Cyclone Mocha ERRCA ကဆိုသည်။
အလားတူ မုန်တိုင်းလွန်ကာလ၌လေ့ လမ်းများကိုယှင်းလင်းပီးပြီး ဘာသာရီးအဆောက်အအုံများ၊ နီအိမ်များကို ပြုပျင် ဆောက်လုပ်ပီးကာ မုန်တိုင်းဒဏ်သင့် ပြည်သူများ အမိုးအကာအောက်သို့ အချိန်မီရောက်ဟိရီးဆောင်ရွက်ပီးခြင်း၊ ဆန်အပါ အဝင် စားနပ်ရိက္ခာများနန့်အမိုးအကာများ ထောက်ပံ့ပီးခြင်း၊သန့်စင်သောသောက်သုံးရီရဟိရီးဆောင်ရွက်ပီးခြင်း၊ ကျန်းမာ ရီးပြုစုစောင့်ယှောက်ပီးခြင်း၊ပျက်စီးဆုံးယှုံးလားသည့်သစ်ပင်များအတွက် အရိပ်ရသစ်ပင် ထောင်ပေါင်းများစွာကို ပြန် လည်စိုက်ပျိုးပီးခြင်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပီးသည့်အပြင် ရီရှည် ပြန်လည်ထူထောင်ရီးလုပ်ငန်းများကိုပါ တစိုက်မတ်မတ် ဆောင်ရွက်ပီးလျက်ဟိကြောင်းလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Cyclone Mocha ERRCA