APM ၊ ဂျူလိုင်၂၀ / ၂၀၂၃
ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဖီးယှောင်စခန်းတွင် ဒေရက် ပိုင်းအတွင်း သွီးလွန်တုတ်ကွေးဖြစ်ပွားသူ သိသိ သာသာ များလာနီပြီး လက်ဟိ၌ ၂၀ ကျော်အထိဟိလာနီကြောင်း သိရသည်။
ညောင်ချောင်းစစ်ဖီးယှောင်စခန်းတွင် အဂု ဂျူလိုင် တတိယအပတ်လောက်မှစ၍ သွီးလွန်တုတ်ကွေးဖြစ်ပွားသူ တစတစ များလာနီကာ လက်ဟိတွင် ၂၂ ယောက်အထိဟိလာကြောင်း စစ်ဖီးယှောင်များက ပြောသည်။
အဆိုပါ သွီးလွန်တုတ်ကွေးဖြစ်ပွားနီသူများမှာ အချေများနန့်သက်ကြီးပိုင်းများ အများစုပါဝင်သည်ဟု ဆိုသည်။
ယင်း သွီးလွန်တုပ်ကွေးဖြစ်ပွားနီသူများထဲမှ အများစုမှာ မြို့ထက်သို့ လားရောက်ဆီးကုသရန် ငွေကြေးအခက်အခဲကြုံနီရ၍ အနားဟိကျေးရွာများ၌ ကုသနီကတ်ရသည်။
အိမ်ထောင်စု ၆၀၀ ကျော်နန့် လူဦးရေ ၅၀၀၀ ကျော်နီထိုင်နီသည့် ယင်းညောင်ချောင်းစစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင် အများစုမှာ မုန်တိုင်းကြောင့် စားဝတ်နီရီးကျပ်တည်းနီကတ်၍ ကျန်းမာရီးမကောင်းဖြစ်လာလျှင် ဆီးကုသရန် အခက်အခဲ များနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။
Photo – ABN