
APM ၊ ဂျူလိုင် ၂၀ / ၂၀၂၃
ဒူးဒဏ်ရာကြောင့် ၁၀ လကြာ အနားယူခရသည့် ဘလွန်းဒီအော (၂) ကြိမ်ဆုသျှင် ဘာစီလိုအမျိုးသမီး ကွင်းလယ် ကဇတ် သမား ပူတာလက်စ်သည် ဂျူလိုင် ၂၁ ရက်နိ ယှဥ်ပြိုင်မည့် စပိန်လက်ရွီးစင်အမျိုးသမီးအသင်း၏ ကော့စတာရီကာအသင်း နန့် ကဇတ်ရမည့်ကမ္ဘာ့ဖလားပွဲစဉ်တွင် ပါဝင်ကဇတ်မည်ဖြစ်ကြောင်း စပိန်အမျိုးသမီးလက်ရွီးစင်နည်းပြ ဗီလ်ဒါက အတည်ပြုပြောကြားလိုက်သည်။
“ပူတာလက်စ် နက်ဖြန်ပွဲအတွက် ပါဝင်ကဇတ်ဖို့ အကောင်းဆုံးအခြေအနီမှာ ဟိနီပါရေ။ သူအပါအဝင် ကဇတ်သမားတိကို အကောင်းဆုံးပြင်ဆင်ထားပါရေ” ဟု နည်းပြ ဗီလ်ဒါက ဆိုသည်။
အသက် 29 နှစ်အရွယ် ကွင်းလယ်လူသည် ၎င်း၏ဒူးဒဏ်ရာကြောင့် အင်္ဂလန်တွင်ကျင်းပသည့် ဥရောပချန်ပီယံသျှိပြိုင်ပွဲကို လွဲချော်ခရပြီးနောက် ဧပြီ ၃၀ ရက်နိ ဝုဖ်ဘတ်အသင်းအား အနိုင်ရဟိခသည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘာစီလိုနာအတွက် ပါဝင်ကဇတ်ခကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဖလားပွဲဦးထွက်ကဇတ်ခသည့် စပိန်လက်ရွီးစင်အမျိုးသမီးအသင်းသည် ၂၀၁၉ ကမ္ဘာ့ဖလားတွင် ၁၆ သင်းအဆင့်သို့တက်လှမ်းနိုင်ခပြီး ဒေဂု ၂၀၂၃ ကမ္ဘာ့ဖလားသည် ၎င်းရို့၏ (၃) ကြိမ်မြောက် ယှဥ်ပြိုင်ခြင်းဖြစ်သည်။
Source- Coach Vilda confirmed that Putiles will play for the Spanish team/ESPN/Reuters
Photo- Super Sport
