
APM ၊ ဂျူလိုင် ၂၀ / ၂၀၂၃
ကင်ညာနိုင်ငံတွင် လူနီမှုစရိတ်မြင့်မားမှု၊ အခွန်တိုးမြင့်မှုများကြောင့် ပြည်သူများ ၃ ရက်ဆက်တိုက် ဆန္ဒပြရာတွင် ဂျူလိုင် ၁၉ ရက်နိက နိုင်ရိုဘီမြို့ဟိ ခီဘာရာရပ်ကွက်၌ ဆန္ဒပြသားများသည် ရဲတပ်ဖွဲ့ဝင်များနန့် အပြန်အလှန်တိုက်ခိုက်မှူများ ဖြစ် ပွားခကြောင်းသိရသည်။
ဆန္ဒပြပြည်သူများနန့် ရဲတပ်ဖွဲ့များကြား ထိပ်တိုက်ရင်ဆိုင်တွိရာတွင် ဆန္ဒပြသား များက ကျောက်သီးများနန့် ပစ်ခတ်ပြီး ကားဘီးတာယာများကို မီးတိုက်ခ၍ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများနန့်ပစ်ခတ်လျက် ကြမ်းကြမ်းတမ်းတမ်း လူစုခွဲ သဖြင့် လူအများအပြား ဒဏ်ရာရလားသည်။
နိုင်ငံအနောက်ပိုင်းဒေသ၌ ရဲတပ်ဖွဲ့က ဆန္ဒပြသားဟု ထင်ရသူများကို ဖမ်းဆီးခရာ တန်ဇန်နီးယား နယ်စပ် မီဂိုရီမှာ ရဲဖမ်း သည့် ဆန္ဒပြသား ၃ ယောက် ဆီးရုံတင်လိုက်ရသည်။
ဂျူလိုင် ၁၉ ရက်နိတွင် အာဏာပိုင်များက “ကျောင်းများကို ပိတ်ထားမည်”ဟု ကြေညာပြီး ဆန္ဒပြမှုအဖြစ်များသည့် နီရာ များတွင် အစိုးရက လုံခြုံရီးတပ်ဖွဲ့များကို အင်အားပြည့် ဖြန့်ချထားလိုက်သည်။
ဒေဂုလအတွင်း အကြမ်းဖက်မှုအဖြစ် ပြောင်းလဲလားသည့် ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများဖြင့် လူစုခွဲ ခသည့်အပြင် တချို့နီရာများ၌ ကျည်အစစ်ဖြင့် ပစ်ခတ်သည့်အတွက် အနည်းဆုံး လူ ၁၅ ယောက်သီဆုံးခပြီး လူရာပေါင်းများစွာ အဖမ်းခံခရသည်။
ဆန္ဒပြပွဲများ စတင်ချိန်မှစ၍ လူအများအပြား သီဆုံးခခြင်းကြောင့် ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးသည်ဟု ကင်ညာ လူ့အခွင့်အရီးကော်မသျှင်က စွပ်စွဲထားပြီး နောက်ဆုံးသီဆုံးမှုနန့်ပတ်သက်၍ သတင်းအပြည့်အစုံကို ထုတ်ပြန်ရန် လေ့ စီစဉ်ထားကြောင်း သိရသည်။
Source – Kenya demonstrations: At least 12 injured as police clash with cost-of-living protesters/ AP
Photo – AP
