APM ၊ ဂျုန် ၂၀ /၂၀၂၃
အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်တွင် ဒေနိ(ဂျုန် ၂၀ရက်နိ)အထိ မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် သီရူပတာခရိုင်နန့် သီရူ ဗန်နမာလိုင်ခရိုင်ရို့တွင် စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရကြောင်း သိရသည်။
ပြီးခသည့် ဂျုန် ၁၅ ရက်နိက ဂူဂျာရတ်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခသည့် ဘီပါဂျွိင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးကြီး ရီကြီးမှုများဖြစ်ပေါ်နီခြင်းဖြစ်ပြီး စာသင်ကျောင်းများကိုတော့ ဂျုန် ၁၉ ရက်နိကစ၍ ပိတ်ခရခြင်းဖြစ်သည်။
ရာဇဌာန် ပြည်နယ်တွင် မိုးကြီးမှုကြောင့် ဂျုန် ၁၇ ရက်နန့် ၁၈ရက်အတွင်း လူ ၇ယောကျသီဆုံးခကာ လူပေါင်း ၂၆၅ ယောက် ကို ကယ်ဆယ်ထားရကြောင်း ပြည်နယ်ဝန်ကြီးချုပ် Ashok Gehlot က ပြောကြားထားသည်။
အိန္ဒိယမိုးလီဝသဌာနက (IMD)က မိုးရွာသွန်းမှုနန့်ပတ်သက်၍ ပြည်နယ်အချို့တွင် အဝါရောင်သတိပီးချက်ထုတ်ပြန်ထားပြီး မိုးရွာသွန်းမှုနန့် တတူ ရီကြီးမှုများ၊ ယာဉ်ကြောပြတ်တောက်မှုများ၊ အဆောက်အအုံပြိုကျခြင်းများဖြစ်ပေါ်နိုင်ကြောင်း သ တိပီးထားသည်။
Source – Heavy Rain Continues In Tamil Nadu, Schools Shut In 2 Districts/ NDTV
Photo – NDTV