
APM၊ ဂျုန် ၂၀ /၂၀၂၃
အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ဆီးဝန်ထမ်း တပ် ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်ဟိ မုန်တိုင်းသင့် အာရက္ခပြည်သူများအား ဘာသာလူမျိုးမရွီး နိစဉ်ရက်ဆက် ဆီးကုသပီး လျက်ဟိကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်း မုန် တိုင်းကြောင့် ဘူးသီးတောင်မြို့နယ်မှ ရပ်ရွာများ အပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးပြီး အာရက္ခပြည်သူအများအ ပြား မုန်တိုင်းဒဏ်သင့်ခခရသည်။
အဆိုပါ မုန်တိုင်းသင့်ဒေသအများစုဟိ ဒေသခံတချို့မှာ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း သောက်သုံးရီကန်များ ဆားငန်ရီ ဝင် ရောက်လား၍ မသန့်ယှင်းသည့်ရီကိုသောက်သုံးနီကတ်ရကာ ဝမ်းရောဂါ၊ အရီပြားရောဂါစသည့်ရောဂါ ဖြစ်ပွားမှုများ ဟိနီသည်။
ယင်းကျေးရွာများသို့ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများ၊ ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက ကိုယ်တိုင် ကိုယ်ကျလားရောက်ဆီးကုသပီးလျက်ဟိသည်။
ယင်းအပြင် လက်ဟိ မုန်တိုင်းတိုက်ပြီး တလကျော်ကြာသည်အထိ နီအိမ်များပြုပျင်နိုင်ခြင်းမဟိသိမ့်သော မုန်တိုင်းသင့် ဒေ သခံတချို့၏နီအိမ်များကိုလေ့ ULA/AA က ပြန်ပြုပျင်ဆောက်လုပ်ပီးနီသည့်အပြင် အမိုးအကာနန့် စားနပ်ရိက္ခာများလေ့ ကူညီထောက်ပံ့ပီးလျက်ဟိကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာရက္ခပြည်သူ ၁၆၄ ယောက် သီဆုံးခကာ အာ ရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအ ရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။
Photo – Cyclone Mocha ERRCA





