APM၊ ဂျုန် ၂၀/၂၀၂၂
ပလက်ဝမြို့နယ်မှာ ဒေနိ (ဂျုန် ၂၀ ရက်နိ) မိုးထက စစ်ကောင်စီတပ် ထောင်ထားသော မိုင်းကို နင်းမိ၍ ဟင်းရှာလားသည့် ဒေသခံ စစ်ဖီးယှောင်အမျိုးသမီးနှစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခကြောင်း သတင်းရဟိသည်။
ဒဏ်ရာရလားသည့် အမျိုးသမီးနှစ်ယောက်မှာ ပလက်ဝမြို့နယ်၊ စကားချောင်းရွာမှ ဘောလုံးကွင်း စစ်ဖီးယှောင်စခန်း၌ လာရောက်ခိုလှုံနီသော ဒေါ်ဝင်းခင် (၃၈ နှစ်) နန့် ဒေါ်ချစ်ခင် (၅၀နှစ်) ရို့ဖြစ်ကတ်ပြီး ပလက်ဝမြို့ နန့် အဘောင်သားရွာအကြား တောင်တန်းတွင် ဟင်းခူးဖို့လားစဥ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ချစ်ခင်မှာ လက်မောင်းဒဏ်ရာရဟိလားကာ ဒေါ်ဝင်းခင်မှာတော့ မျက်လုံးတဖက် ထွက်လားပြီး ခြီနှစ်ချောင်းလေ့ ပြတ်ထွက်လျက် ဒဏ်ရာပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ပလက်ဝမြို့နယ်မှာ မေ ၂၉ ရက်နိကလေ့ ငချားရွာက ကိုအောင်အောင်ဦး(၂၀ နှစ်)သည် ရွာနန့်တမိုင်ခန့်အကွာ မီးကျောင်းတောင်သို့ တောင်ယာလုပ်ဖို့လားစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကိုနင်းမိ၍ ညာခြီထောက်တွင် ပြင်းပြင်းထန် ထန် ဒဏ်ရာရလားခသည်။
စစ်အာဏာသျှင်တော်လှန်ရီးကို တပြည်လုံးအတိုင်းအတာဖြင့် ရင်ဆိုင်နီရသော စစ်ကောင်စီတပ်အနီနန့် စစ်အင်အားမလုံ လောက်မှုကို မိုင်းအမြောက်အမြားထောင်၍ ဖာထီးလျက် ဟိသည်။
ယင်းနည်းတူ ၎င်းရို့စခန်းအပြင်ဘက်၊ ၎င်းရို့လားလာလှုပ်ယှားသည့် နီရာများ၊ အများပြည်သူ လားလာသည့်နီရာ များ၊ ကျွဲ၊ နွားစားကျက်မြီများ၌ မြီမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများကို ထောင်ထားသောကြောင့် အရပ်သားများ မကြာမကြာ မိုင်းနင်းမှုများဖြစ်ပေါ်လျက် ဟိသည်။
လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွား သီဆုံးမှုများ၊ စစ်ကောင်စီတပ်မှ ထောင်ထားသော မြီမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း များနင်းမိ၍ အရပ်သားများ ကိုယ်လက်အင်္ဂါ၊ အသက်ဆုံးယှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ဟိသည်။
ဆင်းရဲနွမ်းပါးပြည်သူများ တဝမ်းတခါး ဝမ်းစာရှာဖွီသည့် တောတောင်များအစပ်၊ တောတောင်များထဲ၌ မိုင်းထောင်ခြင်များ ကို စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ဟိဟိ ပြုလုပ်နီသောကြောင့် ယခုကဲ့သို့ အရပ်သားများထိခိုက်၊ သီဆုံးမှုမြင့်တက်လျက် ဟိကြောင်း သိရသည်။