APM၊ ဂျုန် ၂၀/၂၀၂၂
မောင်တောမြို့နယ်၌ ပြန်ပီးဆွဲခံထားရသည့် ပညာရီးဝန်ထမ်းနှစ်ယောက်ကိစ္စအပေါ် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ အပြည့်အဝတာဝန်ယူပီးဖို့နန့် စစ်ကောင်စီတပ်အနီနန့် အပြစ်မဲ့ ရက္ခိုင်ပြည်သူများအား ဖမ်းဆီးမှုများ မလုပ်ဖို့တောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ဒေနိ(ဂျုန်၂၀ ရက်နိ)တွင် ကြေညာချက်တရပ် ထုတ်ပြန် လိုက်သည်။
ယင်းကြေညာချက်၌ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှရွာတွင် တာဝန်ထမ်းဆောင်နီသည့် မူလတန်းလွန် ကျောင်း အုပ်ဆရာကြီး ဦးဘိုဝင်း နန့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်ရို့ ပျောက်ဆုံးနီသည်မှာ ၅ ရက်ကြာနီပြီး ဒေနိအထိ ပြန်လွတ်လာခြင်းမဟိ၍ သူရို့၏ မိသားစုဝင်များသာမက ရခိုင်ပြည်သူတရပ်လုံးနန့်ထပ်တူ စိုးရိမ်မကင်း ဖြစ်ရသည်ဟု ANP က ဖော်ပြထားသည်။
ယင်းကဲ့သို့ ပညာရီးဝန်ထမ်းနှစ်ယောက် အလွယ်တကူ ပြန်ပီးဆွဲခံရခြင်းသည် ရက္ခိုင်ပြည်သူများ၏ ဘဝလုံခြုံမှုကို များစွာ ထိခိုက်စီပြီး ရခိုင်ပြည်နယ်အစိုးရအနီနန့် ပြန်ပီးဆွဲခံထားရသူနှစ်ယောက်အား အယင်ဆုံး လွတ်မြောက်ရီး ကြိုးပမ်းဆောင် ရွက်ရန် အပြည့်အဝတာဝန်ဟိကြောင်း နန့် နောက်နောင် ယင်းဖြစ်စဉ်မျိုးထပ်မဖြစ်ရအောင် စီမံဆောင်ရွက်ဖို့ကိုလေ့ ANP က တိုက်တွန်းထားသည်။
ယင်းအပြင် ဂျုန် ၁၅ ရက်နိ ပုဏ္ဏားကျွန်းဖြစ်စဉ်နန့် ပတ်သက်၍လေ့ စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ယူစစ်ဆီးမိန်းမြန်းမှုများလုပ်နီ၍ ရိုးသားစွာလုပ်ကိုင်ရှာဖွီစားသောက်နီကတ်သည့် ရက္ခိုင်ပြည်သူများမှာ စိုးရိမ်သောက ရောက်ကတ်ရသည်ဟု ANP က ဆိုပါသည်။
သို့ဖြစ်ပါ၍ စစ်ကောင်စီတပ်အနီနန့် နိစ္စဓူဝအသက်မွီး၀မ်းကြောင်းအတွက် ရုန်းကန်လှုပ်ယှားနီကတ်သည့် အပြစ်မဲ့ ရက္ခိုင်ပြည်သူများအား ဖမ်းဆီးစစ်ဆီးမှုများ မပြုလုပ်ရန် အလေးအနက် တောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
———-
(Zawgyi)
ပြန်ပီးဆွဲခံထားရသည့် ပညာရီးဝန်ထမ်းနှစ်ယောက်ကိစ္စကို ရခိုင်ပြည်နယ်အစိုးရက အပြည့်အဝတာဝန်ယူပီးဖို့နန့် စစ်ကောင်စီတပ် အနီနန့် အပြစ်မဲ့ရက္ခိုင်ပြည်သူများအား ဖမ်းဆီးစစ်ဆီးမှုများမလုပ်ဖို့ ANP တောင်းဆို
APM၊ ဂျုန် ၂၀/၂၀၂၂
ယင်းကဲ့သို့ ပညာရီးဝန်ထမ်းနှစ်ယောက် အလွယ်တကူ ပြန်ပီးဆွဲခံရခြင်းသည် ရက္ခိုင်ပြည်သူများ၏ ဘ၀လုံခြုံမှုကို များစွာ ထိခိုက်စီပြီး ရခိုင်ပြည်နယ်အစိုးရအနီနန့် ပြန်ပီးဆွဲခံထားရသူနှစ်ယောက်အား အယင်ဆုံး လွှတ်မြောက်ရီး ကြိုးပမ်းဆောင်ရွက်ရန် အပြည့်အ၀တာဝန်ဟိကြောင်း နန့် နောက်နောင် ယင်းဖြစ်စဉ်မျိုးထပ်မဖြစ်ရအောင် စီမံ ဆောင်ရွက်ဖို့ကိုလေ့ ANP က တိုက်တွန်းထားသည်။