
APM၊ မေ ၂၀/ ၂၀၂၄
ရက္ခိုင်ပြည်အရေးနန့်ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က်၏ တဖက်သတ် ပြောကြားချက်အပေါ် အမေရိကန်ရောက် အာရက္ခပြည်သူတိက နယူးယောက်မြို့ဟိ ကုလသမဂ္ဂသံရုံးရှိမာ မေ ၁၉ ရက်နိက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ ခကတ်ကြောင်း သိရပါရေ။
အမေရိကန်ရောက် အာရက္ခပြည်သူတိက မျက်စိတဖက်ကို မျက်မှန်မည်းတပ်ထားရေ ဗော်လ်ကာတာ့က်၏ တဖက်ပိတ် ဓာတ်ပုံကို ကိုင်ဆောင်ပြီးကေ“ဗော်လ်ကာတာ့က် အလို မဟိ”၊ “ဗော်လ်ကာတာ့က် နှုတ်ထွက်ပီး”၊ “
အကြမ်းဖက်အားပီး ဗော်လ်ကာတာ့က်”၊ “ကုလသမဂ္ဂ ရက္ခိုင်ပြည်သူကို တန်းတူ ကာကွယ်ပီး” ဆိုပနာ ဆန္ဒပြခကတ်ပါရေ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က်က “ရက္ခိုင်ပြည်မာ တိုက်ပွဲတိပြင်းပြင်းထန်ထန်ဖြစ်ပွားရာကနီ မူဆလင်တိကို နောက်တကြိမ် လူမျိုးတုံးသတ်ဖြတ်မှုတိထပ်ပေါ်လာနိုင်ကြောင်း”
လူအခွင့်အရေးမဟာမင်းကြီးက ဧပြီ ၁၉ ရက်နိမာ လူမဆန်စွာ တဖက်သတ် ဘက်လိုက်ထုတ်ပြန်ခပါရေ။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အဆိုပါထုတ်ပြန်ချက်ရေ အောက်ခြီမာဖြစ်ပေါ်နီရေ အခြေအနီမဟုတ်ဘဲ သတင်းအချက်အလက်တိကို ပြောင်းပြန်လုပ်ပနာ သတင်းလိမ်ထုတ်ပြန်ခစွာလို့ အမေရိကန်ရောက် ရက္ခိုင်လူမှုအဖွဲ့အစည်းက မေ ၈ ရက်နိမာ ထုတ်ပြန်ထားပါရေ။
ယင်းအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က်၏ အဆိုပါထုတ်ပြန်ချက်ရေ ကမ္ဘာမာ ရက္ခိုင်လူမျိုးတည်ဟိမှုကိုပါ ခြိမ်းခြောက်ရာရောက်ပြီး အာရက္ခပြည်သူလူထုရို့၏ လူ့အခွင့်အရေး၊ တရားမျှတရီး၊ လွတ်မြောက်ရီးကို မျက်ကွယ်ပြုလုပ်ဆောင်မှုဖြစ်ကြောင်းနန့် ပြည်သူကိုစစ်ကျွန်ဖြစ်စီဖို့၊ ဖက်ဆစ်စစ်အာဏာသျှင်နန့် အကြမ်းဖက်စစ်ဝါဒီလက်ကိုင်တုတ် အကြမ်းဖက် လူယမ်းကားတိကို အားပီးကူညီရေလုပ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါရေ။
Photo – Arakan American Community







