
APM ၊ မေ ၂၀/၂၀၂၄
ဖက်ဆစ်စစ်ကောင်စီစွာ ဘူးသီးတောင်၊မောင်တော၊စစ်တွေ၊ကျောက်ဖြူမြို့နယ်တိကမူဆလင်တိ၊RSO၊ARSA၊ARAနန့် အကြမ်း ဖက်လိုရေ အစွန်းရောက်မှုဆလင်လူငယ်တိကို အကြမ်းဖက်သင်တန်းပီးစွာ၊ လက်နက်တပ်ဆင်ပီးစွာ၊ လက်ဟိတိုက်ပွဲတိမာအသုံး ပြုစွာတိကို လုပ်ဆောင်ပနာ အာရက္ခဒေသအတွင်း လူမျိုးရီး၊ဘာသာရီးအဓိကရုဏ်းဖြစ်ပေါ်စီဖို့ ရည်ရွယ်ချက်ဟိဟိ ပြည်သူ လူထုကို နည်းလမ်းမျိုးနန့် ပဋိပက္ခတိဖြစ်အောင် လုပ်ဆောင်နီရေလို့ အာရက္ခတပ်တော်(AA)က မေ ၂၀ ရက်နိ၊ ထုတ်ပြန် ကြေညာချက်မာ ရွီးသားဖော်ပြထားပါရေ။
ထုတ်ပြန်ချက်အရ “အာရက္ခတပ်တော်သည်စစ်အား၊စစ်စည်းကမ်းနန့်အညီရာ တိုက်ပွဲဆင်ရမည်” ဟူသော ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံးပြီး၊ စစ်ပွဲနန့်မသက်ဆိုင်ရေ အရပ်သားပစ်မှတ်တိကို ဇာအခါမှ ရည်ရွယ် တိုက်ခိုက်လိ မဟိရေ အဖွဲ့အစည်းတခု” လို့ ဆိုပါရေ။
ယင်းနည်းတူ “အာရက္ခတပ်တော်(AA)စွာ တိုက်ပွဲဖြစ်ပွားနီရေဒေသတိမာ ဒေသခံပြည်သူလူထုကို စစ်ပွဲတိကင်းလွတ်ရာနယ်မြီတိသို့ အရေးပေါ်ကူညီကယ်ထုတ်တေလုပ်ငန်းတိကိုလည်း လူမျိုး၊ဘာသာမရွီး အချိန်နန့် တပြီးညီကူညီဆောင်ရွက်လျက်ဟိပြီးကေ အခြားတဖက်မာလည်း စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ ယုတ်မာကောက်ကျစ်တေ အကြံအစည်တိနန့် အာရက္ခဒေသအတွင်းမာ လူမျိုးရီး၊ဘာသာရီးစရေ ပဋိပက္ခတိဖြစ်စီဖို့ရည်ရွယ်ချက်နန့် ကြိုးကိုင်ဖန်တီးနီရေ”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီစွာ အာရက္ခဒေသအတွင်း ပြည်သူလူထုတိအိုးမဲ့၊အိမ်မဲ့ဘဝနန့် နီစရာနီရာမဟိအောင်၊ နာလန်မထူနိုင်အောင်ရည်ရွယ်ပနာ ၎င်းရို့သင်တန်းပီးထားရေ စစ်သွီးကြွဘင်္ဂလီတိနန့်တတူ ဘူးသီးတောင်မြို့ဟိ ရက္ခိုင်၊ဟိန္ဒူနန့် မူဆလင်လူမျိုးမဟုတ်တေ တခြားအာရက္ခပြည်သူရို့၏နီအိမ်တိအားလုံးကို ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း ပစ်မှတ်ထားပြီး မီးတိုက်ဖျက်ဆီးခပါရေ။
ယင်းနည်းတူ ၂၀၂၄ ခုနှစ်၊မေလ (၁၇)ရက် နိကလည်း အကြမ်းဖက်စစ်ကောင်စီစွာ ဘူးသီးတောင်မြို့ကို လီကြောင်းတိုက်ခိုက်မှုနန့် ပြည်သူပိုင်အိုးအိမ်၊တိုက်တာအဆောက် အအုံတိကို ညည့်သိုင်ခေါင်အချိန်အထိ ဗုံးကြဲတိုက်ခိုက်ခပါရေ။
ယင်းကဲ့သို့ အကြမ်းဖက်စစ်ကောင်စီက သူရို့မီးတိုက်ဖျက်ဆီးခရေ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်(AA)က မီးတိုက်ဖျက်ဆီးသယောင် သတင်းလွှင့်ပနာ စွပ်စွဲမှုတိကိုလည်း တောက်လျှောက် အားထုတ် ပြောဆိုနီပါရေ။
ယင်းပိုင် စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ အာရက္ခဒေသအတွင်း သူရို့လက်လှမ်းမှီရေ အရပ်ဖက်အဆောက်အအုံပစ်မှတ်တိကို မီးတိုက်ဖျက်ဆီးစွာ၊ တန်းထားတိကို ချိုးဖျက်စွာ၊အပြစ်မဲ့၊အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာ၊မြို့တိနန့် ဈီးတိကို လက်နက်ကြီး၊လီကြောင်း၊ဒရုန်းရို့နန့်တိုက်ခိုက်ပနာ ပြစ်မှုတိကျုးလွန်လျက်ဟိရေလို့လည်း ထုတ်ပြန်ချက်မာ ရွီးသားဖော်ပြထားပါရေ။
