APM၊ မေ ၂၀/ ၂၀၂၄
ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနန့်မီဒီယာများအနီနန့်အာရက္ခဒေသအတွင်း လတ်တလောဖြစ်ပေါ်နီရေ သတင်း အချက်အလက်တိ၏ ပကတိအမှန်တရားကို ဘက်လိုက်မှုမဟိဘဲ သတင်းကျင့်ဝတ်နန့် လျော်ညီစွာ သတင်းရယူနိုင်ဖို့အတွက် မိမိရို့အဖွဲ့အစည်းမှ လိုလိုလားလား လက်ခံကြို ဆိုနီရေလို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က ဒေနိ၊မေ၂၀ ရက်နိမာ ကြေညာချက်ထုတ်ပနာ ဖိတ်ခေါ်လိုက်ပါရေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အတွင်း” မိမိရို့သည် အမှန်တရားကို လိုလားပြီး မည်သည့်အကြမ်း ဖက်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ရှုံ့ချပါသည်။ ယင်းနည်းတူ နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရီးအဖွဲ့များနန့်တတူ လက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရီးလုပ်ငန်းများတွင် လက်တွဲဆောင်ရွက်၍ရသောကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အမြဲ အသင့်ဟိပါသည်။ ထို့ကြောင့် ဘူးသီးတောင်၊ မောင်တောဒေသ၏ လက်ဟိအရေး ကိစ္စများနန့်ပတ်သက်၍ မိမိရို့အဖွဲ့အစည်းကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနန့် ကွဲလွဲနီသော ပကတိ မြီပြင်အမှန်တရားများကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိဟိနိုင်စီရန်အတွက် မိမိိရို့ အဖွဲ့အစည်း ထံ အချိန်မရွီးဆက်သွယ်နိုင်ပါသည်။ ထို့အတူ အဆိုပါကိစ္စရပ်များအတွက် ဘက်မလိုက်သည့် မည်သည့် အဖွဲ့အစည်းများနန့်မဆို အတူပူးပေါင်းဆောင်ရွက်လားရန် အသင့်ဟိပါကြောင်း” လည်း ဖော်ပြ ပါဟိပါရေ။
ဘာသာရီးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတိဖြစ်ကတ်တေ RSO၊ ARSA၊ ARA အစဟိရေ အဖွဲ့အစည်းတိနန့် ပတ်သက်ဆက်နွယ်နီရေ နိုင်ငံတကာရောက် အရပ်ဖက် အဖွဲ့အစည်းနာမည်ခံ ကိုယ်ကျိုးရှာ အဖွဲ့အစည်းတိကလည်း အကြမ်းဖက်စစ်ကောင်စီ၏ အာဘော်နန့် ထပ်တူညီရေ စကားတိကို“ပုလင်းတူ ဗူးဆို့”ဆိုရေပိုင် ရည်ရွယ် ချက်ဟိဟိ ထုတ်ပြန်ပြောဆိုနီရေလို့ ဆိုပါရေ။
ယင်းပိုင် မဟုတ်မမှန် လုပ်ကြံသတင်းတိကို ပြောဆိုနီစွာရေ မိမိရို့အဖွဲ့အစည်း၊ အာရက္ခဒေသနီ ရက္ခိုင်လူမျိုး၊ ရက္ခိုင်မျိုးနွယ်စုတိနန့် ဒေသခံမူဆလင်ပြည်သူလူထုအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုတိကို တသိတမင်ပျက်ပြားစီဖို့ ရန်ရည်ရွယ်ပနာ စစ်ကောင်စီအလိုကျ လုပ်ဆောင်နီခြင်းဖြစ်ပြီးကေ အဆိုပါသတင်းတိစွာ မှန်ကန်မှုမဟိကြောင်းနန့် သတင်းအမှားတိ ပြောဆိုရွီးသားနီသူတိကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင်၂၀၂၄ ခုနှစ်၊ မေလ (၁၇ရက်နိ) ရက်စွဲနန့် RFA Burmese က ထုတ်လွှင့်ခရေ “အာရက္ခတပ်တော်ဒရုန်းဖြင့်ဗုံးချလို့ ဘူးသီးတောင်မြို့အတွင်း အရပ်သား ပြည်သူတချို့ သီဆုံး၊ ရာနန့်ချီဒဏ်ရာရ” ဆိုရေသတင်းစွာ မိမိရို့နန့် လုံးဝသက်ဆိုင်ခြင်းမဟိဘဲ အခြီအမြစ် မဟိရေ တဖက်သတ် စွပ်စွဲချက်ရာဖြစ်တေလို့ အာရက္ခတပ်တော်က ပြတ်ပြတ်သားသား ငြင်းဆိုထားပါရေ။
ယေပြီးကေ အာရက္ခတပ်တော်အနီနန့်စစ်တွေ၊ ကျောက်ဖြူ အစဟိရေ မြို့ကြီးတိက ပြည်သူလူထုတိကို တိုက်ပွဲတိ မဖြစ်ခင်ကပင် စစ်ပွဲတိ ကင်းလွတ်ပနာ မိမိရို့ ထိန်းချုပ်ထားရေ နယ်မြီ(သို့မဟုတ်) လွတ်မြောက်နယ်မြီတိသို့ ခေတ္တယာယီ ပြောင်းရွှိနီထိုင်ကတ်ဖို့နန့် ရွှိပြောင်းလိုသူတိကို ပြောင်းရွှိကယ်ထုတ်ပီးထားရေပိုင် အမှန်တကယ် အကူအညီလိုအပ်နီရေ လူတချို့ကိုလည်း မိမိရို့အနီနန့် အတတ်နိုင်ဆုံး ကူညီပီးထားပြီးဖြစ်တေလို့ ဆိုပါရေ။
အလားတူ ဘူးသီးတောင်၊ မောင်တောမြို့တိမာလည်း ဒေသခံပြည်သူလူထုတိကို တိုက်ပွဲမဖြစ်ခင်ကတည်းကပင် ကြိုတင်အသိပီးထားပြီး၊ စစ်ပွဲတိနန့်ကင်းလွတ်ရာဒေသတိသို့ ကူညီကယ်ထုတ်စွာတိကိုလည်း ဆက်တိုက်လုပ်ဆောင်ခရေပိုင် အဂုအချိန်ထိလည်း ကူညီကယ်ထုတ်နီကြောင်း ထုတ်ပြန်ချက်မာ ရွီးသားဖော်ပြထားပါရေ။




