
APM၊ ဧပြီ ၂၀ / ၂၀၂၅
ဖက်ဆစ် စစ်ကောင်စီ၏ လီကြောင်းအန္တရာယ်ကြောင့် ကျောက်တော်မြို့ခံတချို့ ဒေနိ(ဧပြီ ၂၀ရက်နိ)မာ ဖီးလွတ်ရာ နီရာတိသို့ ယှောင်နီကတ်တေလို့ မြို့ခံတိက ပြောပါရေ။
ကျောက်တော်မြို့ခံတယောက်က”လူတိအိမ်မောကျနီရေ အချိန်မာ ရည်ရွယ်ချက်ဟိဟိ ပြည်သူကို ဦးတည်ပနာ မြို့ကို လာပစ်စွာပါ။ ကျောက်တော်မြို့ကို မကြာကြာ လာပစ်နီပါရေ။ မြို့က လူတိ ဖီးလွတ်ရာသို့ ယှောင်နီကတ်ပါရေ” လို့ ဆိုပါရေ။
ဖက်ဆစ် စစ်ကောင်စီစွာ ဧပြီ ၂ ရက်နိကနီ ၂၂ ရက်နိအထိ ၃ ပတ်အကြာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း သူရို့ကိုယ်တိုင် ထုတ်ပြန်ထားကေလေ့ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမဟိရေ အပြစ်မဲ့အရပ်သားပြည်သူရို့နီထိုင်ရာ မြို့ရွာတိကို ဦးတည်လို့ လီကြောင်းကနီပနာ ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း လက်ရဲဇက်ရဲပစ်ခတ်တိုက်ခိုက်လို့ဟိနီစွာပါ။
ကျောက်တော်မြို့ကို ဧပြီ ၁၉ ရက်နိ၊ မိုးထစောစောမာ ဖက်ဆစ် စစ်ကောင်စီက (၄) ကြိမ်တိုင်တိုင် ဗုံးချတိုက်ခိုက်ခလို့ အရပ်သားပြည်သူ ၁ ယောက် သီဆုံးလားပြီးကေ ၂၂ ယောက် ထိခိုက်ဒဏ်ရာ ရလားခပါရေ။
ယင်းအပြင် ကျောက်တော်မြို့ကို ပြီးခရေ ဧပြီ ၁၃ ရက်နိ၊ မိုးထ ၉ နာရီလောက်မာလည်း ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနန့် ဗုံးချခလို့ အချေတယောက်အပါအဝင် ပြည်သူ ၃ ယောက်ဒဏ်ရာရလားခပါသိမ့်ရေ။
Photo – Arakan Princess Media (ပုံဟောင်း)
