
APM ၊ ဧပြီ ၂၀/၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဧပြီ ၁၉ ရက်နိ ညည့်အချိန်က မောင်နှမနှစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မတရားဖမ်းယူလားရေလို့ သိရပါရေ။
အဖမ်းခံခရရေ မောင်နှမ နှစ်ယောက်မာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ရွာ၊စေပုတ်ကေထောင့်က ဦးမောင်ရှည် (၃၃ နှစ်)နန့် အစ်မဖြစ်သူ ဒေါ်နုနုရွှီ(၄၃ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဧပြီ ၁၉ ရက်နိ ညည့် ၈ နာရီ မိနစ် ၂၀ လောက်မာ ကျောက်ဖြူမြို့က စစ်ကားကြီး(၁)စီး၊ စစ်ပွိုင့်ကား(၁)စီးနန့် လိုက်ပါလာရေ အကြမ်းဖက်စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအင်အား(၃၀)လောက်စွာ ဂုံးချွိန်ရွာသို့ ရောက်လာပြီးကေ ဧည့်စာရင်းဝင်စစ်ခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းပိုင်ဧည့်စာရင်းစစ်ပြီးလို့ အပြန်မာ ဦးမောင်ရှည်နန့် တအိမ်တည်းနီ ၎င်း၏အစ်မဖြစ်သူ ဒေါ်နုနုရွှီရို့ကို မတရားဖမ်းဆီးလားစွာလို့ ဆိုပါရေ။
ရက္ခိုင်ပြည်မာ အာရက္ခတပ်တော်(AA)နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီစွာ ရက္ခိုင်ပြည်မြို့နယ်အသီးအသီးက အပြစ်မဲ့အရပ်သားပြည်သူတိကို အကြောင်းအမျိုးမျိုးပြပနာ မတရား ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်မှုတိ ပြုလုပ်လျက်ဟိပါရေ။
