APM၊ ဧပြီ ၂၀ / ၂၀၂၄
မြေပုံမြို့နယ်မာ ဒေနိ(ဧပြီ ၂၀ ရက်နိ) မိုးထပိုင်းမာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်လို့ ဒေသခံအမျိုးသမီး တယောက် ဂွင်ချင်းသီဆုံးလားခရေလို့ သိရပါရေ။
သီဆုံးလားရေအမျိုးသမီးစွာ မြေပုံမြို့နယ်၊ စညှင်းရွာက မမေသန္တာခိုင်(၂၅နှစ်) ဖြစ်ပါရေ။
ဒေနိ၊ မိုးထ ၁၀ နာရီကျော်လောက်မာ အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်အခြီစိုက်အကြမ်းဖက်စစ်ကောင်စီတပ်ကနီ စညှင်းရွာနန့် အပါးဟပ်စပ်သို့ လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ယမ်းကား ပစ်ခတ်ခရေလို့ ဒေသခံတိကပြောပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ မြေပုံမြို့နယ် ဖရုံကြီးကျွန်းဟိ မမေသန္တာခိုင် အလုပ်လုပ်နီရေ ပုဇွန်တာမာ ကျရောက်ပေါက်ကွဲခပြီးကေ မမေသန္တာခိုင်ကို လက်နက်ကြီးကျည်စကျပနာ နီရာမာပင် ဂွင်ချင်း သီဆုံးစွာလို့ဆိုပါရေ။
အာရက္ခတပ်တော်နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း မရှုမလှ ကျယှုံးလျက်၊ ၎င်းရို့တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိကိုစွန်ခွာပနာ ခွီးဗြီး၊ ဝက်ဗြီး ထွက်ဗြီးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ရက္ခိုင်ပြည်တဝန်း အပြစ်မဲ့ပြည်သူရို့နီထိုင်ရာ မြို့၊ ရပ်ရွာတိကို နေဗီ၊ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိ အသုံးပြုလျက် နိစဉ်ရက်ဆက် အကြမ်းဖက် ယမ်းကား ပစ်ခတ်လို့ဟိနီပါရေ။