APM၊ ဧပြီ ၂၀ / ၂၀၂၄
မင်းပြားမြို့နယ်မာ ဒေနိ(ဧပြီ ၂၀ ရက်နိ) နိခင်းက အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားခရေ မိုင်းကို နင်းမိလို့ မိုင်းပေါက်ကွဲပနာ အရပ်သားပြည်သူ တယောက် သီဆုံးလားရလေို့ သိရပါရေ။
သီဆုံးလားလူမာ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (ရခိုင်)ရွာက ဦးအောင်သိန်းလှိုင်(၃၂ နှစ်) ဖြစ်ပါရေ။
ဦးအောင်သိန်းလှိုင်စွာ ဒေနိ နိခင်း ၁၁ နာရီမိနစ် ၄၀ လောက်က ရွာသားတိနန့်အတူ ထင်းရှာထွက်လာရေခါ ကျိန်းတောင်အနောက်ဖက် တက်လမ်းအရောက်မာ အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းကို နင်းမိခစွာလို့ ရွာသားတိကပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးအောင်သိန်းလှိုင်၏ ဘယ်ဖက်ဘေးစကို မိုင်းစ ဖောက်ဝင်လားရေပိုင်၊ ခန္ဓာကိုယ်အနှံ့မာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရလားလို့ ဆီးရုံသို့ အရေးပေါ်ပို့ဆောင်ခရာ လမ်းမာ ဆုံးပါးလားရေလို့ ဆိုပါရေ။
ကုန်ခရေ မာ့ချ် ၃၀ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းကိုနင်းမိလို့ မင်းပြားမြို့နယ်၊ နဒင်ရွာဟောင်းက ရွာသားတယောက် ခြီထောက်တဖက်ပြတ်ထွက်လားခပါသိမ့်ရေ။
မင်းပြားအပါအဝင် ရက္ခိုင်ပြည်မြို့နယ်တိမာ စစ်ကျန်လက်နက်တိ၊ မြီမြှုပ်မိုင်းပေါက်ကွဲမှုတိ မကြာမကြာ ဖြစ်ပွားလို့ဟိနီပြီးကေ ပေါက်ကွဲမှုအများစုစွာ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တိနန့်နီးစပ်တေ နီရာတိ၊ စစ်ကောင်စီတပ်စွဲနီထိုင်ခရေနီရာတိမာ ဖြစ်ပွားနီစွာလည်း ဖြစ်ပါရေ။