
APM ၊ ဧပြီ ၂၀ / ၂၀၂၃
အဂုရက်ပိုင်း တိုင်းပြည်အနှံ့ အပူချိန် ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ ညွှန်ကြားရီးမှူး ဦးလှထွန်းက ပြောကြားသည်။
ဒေဂုရက်ပိုင်းအတွင်း မြို့ကြီးတချို့၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်လွန်ခပြီး အပူချိန်ကြောင့် အပူလျှပ် ၊သတိလစ်၊ သီဆုံးမှုများလေ့ ပေါ်ပေါက်လျက်ဟိသည်။
ရန်ကုန်မြို့တခုတည်းမှာပင် ဧပြီ ၁၀ ရက်နိမှ ၁၉ ရက်နိအထိ အပူချိန်မြင့်တက်မှုကြောင့်သီဆုံးလူ ၄ ယောက်ဟိ လာသည်။
ဧပြီ ၁၉ ရက်နိ မိုးထ ၁၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည် သန်စွမ်းရီး ဆီးရုံနားမှာ အသက် ၇၀ အရွယ် အမျိုးသားတယောက်နီအပူချိန်ကြောင့် လဲကျသီဆုံးခသည်။
ယင်းပြင် ဧပြီလ ၁၀ ရက်နိမိုးထမှာလေ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်က တိုက်ခန်း တခန်းမှာသားအမိနှစ်ယောက်အပူရှိန်ကြောင့် အသက်ယှူ ကျပ်၍ သီဆုံးခရသည်။
အလားတူ ဧပြီ၁၀ရက်နိ၊နိခင်းပိုင်းမှာလေ့ ဗဟန်းမြို့နယ်၊ ဦးစံဖေ ရပ်ကွက်၌ မှော်ဘီမှ စက်ဘီးစီး၍ ပြန်လာသည့် အမျိုးသားတယောက် လဲကျသီဆုံးခရပြန်သည်။
ဒေဂုပိုင် အပူချိန်မြင့်တက်လာခြင်းဒဏ်ကို ပြင်းပြင်းထန် ထန်ခံစားလာရခြင်းမှာ ကမ္ဘာကြီးပူနွီးလာမှုကြောင့် အပြင်လျှပ်စစ်မီးမရခြင်းကြောင့်လေ့ပါကြောင်း ဦးလှထွန်းကပြောသည်။
ထို့ကြောင့် ကျန်းမာရီးဝန်ကြီးဌာနက “အပူချိန်အမြင့်ဆုံးဖြစ်သော မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ၃ နာရီအချိန်ထိ အ ပြင်သို့ မထွက်ကတ်ဖို့၊ မဖြစ်မနီ အပြင်ထွက်ရဖို့ဆိုပါက အကာအကွယ်၊ ထီး၊ ဦးထုပ် ဆောင်းလားကတ်ဖို့၊ ခန္ဓာ ကိုယ်ဓာတ်ဆား ရည်မဆုံးယှုံးစီဖို့နန့် ဓာတ်ဆားရည်ပြန်လည်ဖြည့်တငိးပီးဖို့ စသည့်အချက်များကို လိုက်နာဆောင် ရွက်ရန် အသိပီးထား သည်။
အပူချိန်ကြောင့် အပူလျှပ်၊ သတိလစ်၊ သီဆုံးမှုများ ဖြစ်ပေါ်နီ၍သက်ကြီးပိုင်းများနှင့် ရောဂါအခံဟိသူများ အနီနန့် ဂရုတစိုက်နီထိုင်ဖို့လိုအပ်သည်ဟုလေ့ ကျန်းမာရီးဝန် ကြီးဌာနမှ အသိပီးထားသည်။
