APM ၊ ဧပြီ ၂၀ / ၂၀၂၃
ရက္ခိုင့်တပ်တော်AA နန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်က တက္ကသိုလ် ကျောင်းသားတယောက်နန့် ဆိုင်ကယ် ကယ်ရီသမားတယောက်အမှုကို အေနိ့ (ဧပြီ ၂၀ ရက်နိ)တွင် မောင်တောမြို့ တရားရုံး၌ (၁၄)ကြိမ်မြောက် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်သည့်အတွက် ရုံးချိန်းထပ်ရွှိ လိုက်ရကြောင်း သိရသည်။
ယင်း၁၇(၁)နန့်တရားစွဲခံထားရသူနှစ်ယောက်မှာ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ် ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ဖြစ် ကတ်သည်။
အမှုကိုဒေနိ(ဧပြီ ၂၀ ရက်နိ) တွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်ဟုဆိုကာ မစစ်ခဘဲ လာမည့် မေ ၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ကိုမောင်ဆန်းဌေးမှာ အဝီးသင်တက္ကသိုလ်(သမိုင်းမေဂျာ) ဒုတိယနှစ်ကျောင်း သားတယောက်ဖြစ်ပြီး၊ စစ်တွေအဝီး သင်တက္ကသိုလ်စာမိန်းပွဲဖြေဆိုပြီး၍ ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၁ ရက်နိက အဖော်ဖြစ်သူ ကိုခင်ဇော်နန့်အတူ ဆိုင်ကယ်တစီးဖြင့် ရွာသို့ ပြန်လာစဉ် မြန်မာစစ်တပ်၏ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင် ဌာနချုပ်၊ စစ်ဆီးရီးဂိတ်၌အဖမ်းခံခရသည်။
ယင်းနောက် တလကျော်ကြာ မိသားစုဝင်များနန့် အဆက်အသွယ်မရဘဲ ထိန်း သိမ်းခံခရပြီးနောက် AA နန့်ဆက်စပ် သည်ဟုဆိုကာမြန်မာစစ်တပ်ကပုဒ်မ ၁၇ (၁)နန့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင်သူရို့နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်၊ထောင်ချုပ်၌ ထိန်းသိမ်းထားကြောင်းသိဟိရသည်။