APM ၊ မာ့ချ် ၂၀ / ၂၀၂၄
ဘူးသီးတောင်မြို့မာ မာ့ချ် ၁၈ ရက်နိကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မူဆလင်တိပူးပေါင်းပနာ အရပ်သားပြည်သူရို့၏ နီအိမ်တိကို ဝင်ရောက် ဖောက်ထွင်းလုယက်နီရေလို့ သိရပါရေ။
မာ့ချ် ၁၈ ရက်နိ၊ နိခင်း ၁၂ နာရီလောက်မာ ဘူးသီးတောင်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀နန့် စစ်ကောင်စီ၏အကြမ်းဖက်စစ်သင်တန်းဆင်းခါစ မူဆလင်အယောက်၄၀၊ စုစုပေါင်း အင်အား ၆၀ လောက်စွာ လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ပြီး စစ်ကား ၃ စီးနန့် ဘူးသီးတောင်မြို့ထဲသို့ ဝင်ရောက်လာရေလို့ ဒေသခံတိက ပြောပါရေ။
ယင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် စစ်ကောင်စီ၏ အကြမ်းဖက်စစ်သင်တန်းဆင်း မူဆလင်ပူပေါင်းအဖွဲ့တိစွာ ဘူးသီးတောင်မြို့အတွင်းလားလာနီရေ ပြည်သူတိကို ဖမ်းဆီး၊ စစ်ဆီးမှုတိလုပ်နီခရေလို့ ဒေသခံတိက ဆိုပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ အကြမ်းဖက်စစ်သင်တန်းဆင်းမူဆလင်တိက ပိုင်သျှင်မဟိရေ အိမ်တိက ပစ္စည်းတိကိုယူဆောင်ကတ်တေပိုင်၊အိမ်ကိုသော့ခတ်ထားပါက သော့ဖျက်လို့ အိမ်အတွင်း ပစ္စည်းတိကို ရှာဖွီခိုးယူပြီးကေ ဆိုင်ကယ်တိကိုလုယူပနာ သူရို့စီးလာရေကားထက် တင်လို့ ဘူးသီးတောင်ဗျူဟာသို့ မင်းမဲ့စရိုက်ပုံစံ ထင်တိုင်းကြဲပနာ ရရောင်းသတ် ယူဆောင်လားခရေလို့လည်း ပြောပါရေ။
တချိန်တည်းမာ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်တိကလည်း မြို့ထက်ဟိ အရပ်သားပြည်သူရို့၏ နီအိမ် (၂၀) ကျော်ကို စီးနင်းဝင်ရောက်ပြီးကေ သူရို့လိုချင်ရေ အိမ်တွင်းပစ္စည်းတိကို မွှီနှောက်ရှာဖွီ လုယက် ယူဆောင်လားခရေလို့လည်း သိရပါရေ။
အေချင့်နန့်ပတ်သက်လို့ ဒေသခံမူဆလင်နိုင်ငံရီးသမားတယောက်က ” စစ်ယှုံး စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်ကို စစ်ရီးအရ တခုပိုင်လေ့ မယှဉ်နိုင်ခါ တနိနိ သူရို့ နောက်ဆုတ်ရဖို့ဆိုစွာ သိနီရေ။ ယေခါ မစားရအမဲ သဲနန့်ပက်ဆိုပိုင် အကောက်ဉာဏ်နန့် ရက္ခိုင်နန့်မူဆလင်ကို ရန်တိုက်ပစ်ခဖို့ ကြိုးစားနီရေ။ ၁၉၄၂ ကာလ အင်္ဂလိပ်တိအဆုတ်မာ လုပ်ပစ်ခရေအကွက်မျိုး ပြန်သုံးလာရေ။ ဒေနီရာမာ အဓိက ကျနော်ရို့မူဆလင်တိ လိမ္မာဖို့လိုပါရေ။ ကမ္ဘာ့အယုတ်မာဆုံးစာရင်းဝင် စစ်ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီ၏ထောင်ချောက်ထဲ မဝင်မိဖို့လိုပါရေ။ ရက္ခိုင့်တပ်တော်အနီနန့်လည်း လုပ်စရာဟိစွာ သွက်သွက်လက်လက် လုပ်ဖို့လိုပါရေ။ရန်သူကို အချိန်ပီးလို့မရပါ။ဗမာစစ်တပ်တဖြစ်လဲ စစ်ကောင်စီတပ်ကတော့ သမိုင်းအဆက်ဆက် သပ်လျှိုသွီးခွဲဗျူဟာကို သုံးလာခစွာ အာလုံးအသိပါ။ ဒေနိအထိလည်း ရက္ခိုင်နန့်မူဆလင်၊ ရက္ခိုင်နန့်ချင်း၊ ရက္ခိုင်နန့် ရက္ခိုင်မျိုးနွယ်စုတိကြား နည်းပေါင်းစုံနန့် သပ်လျှိုသွီးခွဲနီစွာ အားလုံး အမြင်ပါ။ မိမိရို့ဘုံရန်သူ၏ အမူအကျင့်၊လုပ်ဆောင်ချက်တိကို သိနီပါလျက် ခံရကေ ရန်သူတော်လို့မဟုတ်။ ကိုယ်ရို့ညံ့လို့ရာဖြစ်ပါရေ။ ယေဇူးနန့် အားလုံး ULA/AA နန့်တတူ ဘက်တဘက်တည်းမာ ရပ်ပနာ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို အာရက္ခမြီထက်က ယင်နိုင်သမျှအယင် အပြီးသတ် မောင်းထုတ်ကတ်ဖို့ တိုက်တွန်းချင်ပါရေ” လို့ ပြောကြားလားခပါရေ။