APM ၊ မာ့ချ် ၂၀ / ၂၀၂၄
ဒေနိ၊ မာ့ချ် ၂၀ ရက်နိ၊ နိခင်း ၁ နာရီလောက်က ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ဂူတာမော်ပိုက်ဆိပ်ကိုမီးလောင်ရာ လူနီအိမ် (၆၀) ခန့် မီးလောင်ပျက်စီးလားကြောင်း သိရပါရေ။
မီးလောင်နီချိန် ကျောက်ဖြူမြို့ မီးသတ်ဌာနက မီးသတ်ကား(၃)စီး အချိန်မီရောက်လာခကေလေ့ ပြင်ဖြူမော်ရပ်ကွက်မာ အခြီပြုထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ယင်းမီးသတ်ကား(၃ ) စီးကို မီးသတ်ခွင့်မပြုဘဲ တားမြစ်ထားခရေလို့ မျက်မြင် ဒေသခံတိက ပြောပါရေ။
ယင်းနောက် ပြင်ဖြူမော်ရပ်ကွက်က ရပ်မိ၊ရပ်ဖတိ မီးသတ်ကားဟိရာသို့ ရောက်လားခါမှ စစ်ကောင်စီဖက်က မီးသတ်ခွင့်ပြုခလို့ မီးသတ်ဖြစ်ပြီးကေ၊ နိခင်း ၁ နာရီ မိနစ် ၄၀ အချိန် လောက် မီးသီလားခရေလို့ ဆိုပါရေ။
အဆိုပါ မီးလောင်မှုမဖြစ်ခင် မာ့ချ် ၁၈ ရက်နိနန့် ၁၉ ရက်နိတိမာ ပြင်ဖြူမော်ရပ်ကွက်အတွင်း စခန်းချအခြီပြုထားရေ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့စွာ ဂူတာမော်ပိုက်ဆိပ်သို့ရောက်လာပြီးကေ ယင်းနီရာက လူနီအိမ် တိကို ဖယ်ပီးဖို့ ပြောဆိုခရေလို့ ဒေသခံတိက ဆိုပါရေ။
အကယ်တန္တိ ဂူတာမော်ပိုက်ဆိပ်က အိမ်တိကိုဖယ်မပီးပါက အားလုံးကို မီးတိုက်ပစ်ဖို့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိခြိမ်းခြောက်ပြောဆိုခရေလို့လည်း ဒေသခံတိပြောကြားချက်အရ သိရပါရေ။