APM ၊ မာ့ချ် ၂၀ / ၂၀၂၃
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဖီးယှောင်စခန်း၌ လာရောက်ခိုလှုံနီသည့် စစ်ဖီးယှောင်တဦးတွင် စတီးရိုးထည့်ထားရသည့် ပေါင်အား ခွဲစိပ်ပြီး စတီးရိုးပြန်ထုတ်ရန် ငွေကြေးအကူအညီများ လိုအပ်နီကြောင်း သိရသည်။
ခွဲစိပ်ရန် ငွေကြေးအကူအညီလိုအပ်နီသူမှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ ကွေ့ရှည်ရွာမှ ဦးမိုးအောင် (၄၉ နှစ်) ဖြစ်ပြီး ကုန်ခသည့် ၂၀၁၉ တိုက်ပွဲကာလအတွင်း နီရပ်စွန့်ခွာလာစဉ် ကျည်ထိမှန်ကာ ဘယ်ဖက်ပေါင်ကျိုးလား၍ စတီးရိုးအစားထိုးကုသထားရခြင်းဖြစ်သည်။
အဆိုပါ စတီးရိုးအစားထိုးကုသထားရသည့်ပေါင်မှာ လက်ဟိ၌ နာကျင်ကိုက်ခဲလာပြီး စတီးရိုးကို ပြန်လည်ခွဲစိပ် ထုတ်ယူရမည်ဖြစ်ကာ ခွဲစိတ်ခ ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
လက်ဟိ၌ ဦးမိုးအောင်မှာ ခွဲစိပ်ရန် ငွေကြေးမတတ်နိုင်၍ နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားနီရကာ ငွေကြေးများ ထောက်ပံ့ကူညီပီးကတ်ရန် မိသားစုဝင်များက လိုလားနီကတ်သည်။
ဦးမိုးအောင်သည်မိသားစုနန့်အတူ ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်း၌ ခိုလှုံနီလျက်ဟိကြောင်း သိရသည်။
Photo – ABN