
APM ၊ မာ့ချ် ၂၀ / ၂၀၂၃
ထိုင်းနိုင်ငံတွင် ပြီးခသည့် မာ့ချ် ၁၈ရက်နိက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်ခြီ ၆၀၀ ခန့် ပျက်စီးခကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းမိုင်ခရိုင်တွင် အိမ်ခြီ ၆၀၀ခန့်ပျက်စီးခခြင်းဖြစ်ပြီး လီပြင်းတိုက်ခတ်မှုကြောင့် မီးတိုင်များနန့် သစ်ပင်တချို့ လဲကျခကာ (Mae Hia) မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခသည်ဟု ထိုင်းသဘာဝ ဖီးအန္တရာယ်ကာကွယ်ရီးနန့်လျော့ပါးရီးရုံးမှ ထုတ်ပြန်ထားသည်။
မုန်တိုင်းဒဏ်ကို ချင်းမိုင်ခရိုင်ဟိ မယ်ရင်၊ ဆန်ကမ်ဖန်နန့် ဆန်ဆိုင်းမြို့အပါအဝင် မြို့နယ် ၁၇ မြို့ခန့် ခံစားခရကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနများအနီနန့် မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခရသည့် ချင်းမိုင်မြို့မှ ပြည်သူများအတွက် အကူအညီပီးရန် မာ့ချ် ၁၉ ရက်နိတွင် အမိန့်ထုတ်ပြန်ခသည်။
Source – About 600 houses damaged during rain and hail storms in Chiang Mai
Photo – Thai PBS World
