
APM ၊ မာ့ချ် ၂၀ /၂၀၂၃
ပြည်ပသို့ အလုပ်လားရောက်လုပ်ကိုင်မည့် သူများအတွက် ပြည်ပအလုပ်အကိုင် လက်မှတ်(OWIC)ကိုရန်ကုန်တွင် ဒေနိ(မာ့ချ်၂၀)ရက်နိမှစ၍ လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
OWIC ကဒ်ပြုလုပ်ခွင့်ရသည့် နာမည်စာရင်းများကို Safe Migration Telegram Channel မှအသိပီးလျက်ဟိပြီး၊ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ပွဲစားများနန့် ဆောင်ရွက်မှုများကို ကာကွယ်တားဆီးရန်နန့် အလုပ်သမားများ အချိန်ကုန်/ငွေကုန်မှုများ သက်သာလျော့နည်းစီရန်ဖြစ်ကြောင်း ဆိုသည်။
OWIC ကဒ်ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ဟိ အလုပ်သမားညွှန်ကြားရီးဦးစီးဌာနရုံးတွင် နိချင်းပြီး ဆောင်ရွက်ပီးလားမည်ဟု ထုတ်ပြန်ထားသည်။
OWIC ကဒ် လျှောက်ထားထုတ်ယူရာတွင်လည်း ယခင်သတ်မှတ်ထားသည့် စာရွက်စာတမ်းမူရင်း၊ မိတ္တူ ၁ စုံဖြင့် ကိုယ်တိုင် လားရောက်ထုတ်ယူနိုင်ကြောင်း သိဟိရသည်။
Photo – အလုပ်သမားညွှန်ကြားရီးဦးစီးဌာန
