APM ၊ မာ့ချ် ၂၀ / ၂၀၂၃
မန်ယူကို ၃-၁ ဂိုးဖြင့်ယှုံးနိမ့်ခသည့် FA ဖလားပွဲစဥ်တွင် အနီကဒ်သုံးကဒ်ပြသခသည့် ဒိုင်လူကြီး ခရစ်ကာဗာနာကို သူ့အသင်းအပေါ်ဆုံးဖြတ်ချက်များစွာချမှတ်ခသည်ဟု ဖူလ်ဟမ်နည်းပြမာကိုဆေးဗားက ဝေဖန်ပြောကြားလိုက်သည်။
“ဒိုင်လူကြီး ကာဗာနာနန့်ကျကေ ကျနော်ရို့အသင်းက ဘောလုံးပွဲတိုင်းမှာ ခက်ခဲပါရေ။ ပွဲချိန် ၇၀ ကျော်မှာ ကျနော်ရို့ကိုထုတ်ပယ်ခရေ။ ဒိုင်က ဇာသူလေဆိုစွာအားလုံးသိကတ်ပါဖို့။ ပြီးခရေ ဝက်စ်ဟမ်းပွဲမှာလေ့ လက်ပစ်ဘော အမှားတိကိုလေ့ ခွင့်ပြုပီးခပါရေ။ ဒေနိပွဲမှာတော ကျနော်ရို့အသင်းအပေါ် မတရားဆုံးဖြတ်ချက်တိ ထပ်မံချမှတ်ခပါရေ” ဟု မာကိုဆေးဗားက ပြောကြားခသည်။
ဒိုင်လူကြီးကာဗာနာသည် မန်ယူကဇတ်သမားဆန်ချို၏ကျောက်သွင်းမှုကို ဖူလ်ဟမ်ကဇတ်သမားဝီလီယံက လက်နန့်ပုတ်ထုတ်ခ၍ ပင်နယ်တီအပြင် အနီကဒ်ဖြင့်တိုက်ရိုက်ထုတ်ပယ်လိုက်ပြီး ဝေဖန်ပြစ်တင်ခသည့် နည်းပြ မာကိုဆေးဗားနန့် ဒိုင်လူကြီးကို ဆောင့်တိုးရန်ပြုခသည့် မီထရိုဗစ်ကိုလေ့ အနီကဒ်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဖူလ်ဟမ်နည်းပြ ဆေးဗားက “ သူရို့က လူသားတိဖြစ်ကေလေ့ ပွဲကဇတ်ချိန်တိုင်းမှာ စိတ်ခံစားချက်တိကို ထိန်းချုပ်သင့်ကြောင်း” ထပ်လောင်းပြောဆိုခသည်။
ဖူလ်ဟမ်အသင်းသည် မန်ယူကိုယှုံးနိမ့်ခ၍ FA ကွာတားဖိုင်နယ်ကထွက်ခွာလာရပြီး မန်ယူအသင်းကတော ဆီမီးဖိုင်နယ်တက်ရောက်လားကာ ဘရိုက်တန်အသင်းဖြင့်ယှဥ်ပြိုင်ရမည်ဖြစ်သည်။
Source – Fulham coach Siva criticized the referee who showed 3 red cards
Photo – Getty Images