
(မာ့ချ် ၁၃ ရက်နိ မှ မာ့ချ် ၁၉ ရက်နိ အထိ)
၁။ ၁၃ – ၃ – ၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင်အခြီစိုက်မီဒီယာနှစ်ခုဖြစ်သည့် Narinjara သတင်းဌာနနန့် Boder News Agency (BNA) သတင်းဌာန ရို့ကို စစ်ကောင်စီကအရေးယူထားကြောင်း စစ်ကောင်စီသတင်းများကို အဓိကထား ရွီးသားနီသည့် ရခိုင်နေ့စဉ် သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို မာ့ချ် ၁၃ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍မစစ်ခရဘဲ လာမည့် မာ့ခ်ျ ၂၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
၂။ ၁၄ – ၃ – ၂၀၂၃ (အင်္ဂါ)
(၁) နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့အမှုကို မာ့ချ် ၁၄ ရက်နိ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့မစစ်ဟု သိရသည်။
(၂) ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် လတ်တလော စားနပ်ရိက္ခာနန့်အခြီခံလူသုံး ကုန်ပစ္စည်း အရေးပေါ်လိုအပ်လျက်ဟိသည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ရို့နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှဦးကိုကိုညွန့်နန့်တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့အမှုကို မာ့ချ် ၁၄ ရက်နိတွင် မြောက်ဦးမြို့ နယ်တရားရုံး၌ ရုံးထုတ်ပြီး လိုပြသက်သီတယောက်ကို စစ်ဆီးခသည်။
၃။ ၁၅ – ၃ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ရက္ခိုင်ပြည်ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့တွင် အယင်က ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၄ သောင်း ကနီ ဒေရက်ပိုင်းအတွင်း ၆ သောင်းကျော် နန့် ပေါ်ဆန်းမွှီးဆန်တအိတ်ကို ငွေကျပ် ၇ သောင်းကနီ ၁ သိန်းကျော်အထိ ပီးဝယ်နီရပြီး တခြားကုန်စည်းနှုန်းများမှာလေ့ သိသိသာသာ ဈီးနှုန်းမြင့်တက်နီသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှအုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေ (၅၇နှစ်) ကျန်းမာရီးအခြေအနေ ဆိုးဝါးနီကြောင်း သိရသည်။
(၃) ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမိန်းပွဲ၌ အတွဲ (၇) ဇီဝဗေဒဘာသာတွဲနန့် အတွဲ (၁) ဘောဂ ဗေဒဘာသာတွဲကို ရက္ခိုင်တပြည်လုံးအတိုင်းအတာဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၆,၄၅၁ ဦး ဝင်ရောက်ဖြေဆိုခသည်။
(၄) မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ရို့နန့်တရားစွဲ ခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်) အမှုကို မာ့ချ် ၁၅ ရက်နိတွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားလိုမရောက်၍မစစ်နိုင်ခဘဲ လာမည့် မာ့ချ် ၂၉ ရက်နိသို့ ရုံးချိန်းထပ်ရွှိ လိုက်ရသည်။
၄။ ၁၆ – ၃ – ၂၀၂၃ (ကြာသပတီး)
(၁) ပလက်ဝမြို့နယ်တွင်အယင် ဆန်ကြမ်း တအိတ်ကို ၅ သောင်းကျပ်မှ ဒေရက် ပိုင်းအတွင်း ၈ သောင်းနန့် ပေါ်ဆန်းမွှီး ဆန်တအိတ်ကို ၇ သောင်းကျပ်မှ ၁ သိန်းကျော်အထိ အသီးအသီးဈီးမြင့်တက်နီသည်ဟု သိရသည်။
(၂) ကျောက်တော်မြို့၏ အထင်ကရ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်တွင် ဘုရားဖူးခရီးသည်များ အဆင်ပြေချောမွေ့စွာ တက်ရောက်ဖူးမျှော်နိုင်ရန် ဒေနှစ်အတွင်း ဓာတ်လှီကားတပ်ဆင်လားမည်ဟု ဘုရားဂေါပက က ပြောသည်။
(၃) ပုဏ္ဏားကျွန်းမြို့နယ်၊ဂဏန်းတောင်စစ်ဖီးယှောင်စခန်းဟိ လူနီအဆောင်များကို မိုးရာသီ၌ ရာသီဥတု ဒဏ်ခံနိုင်အောင် သစ်၊ဝါး များဖြင့် ပြုပြင်ဆောက်လုပ်ရန် အရေးတကြီးလိုအပ်နီကြောင်း သိရသည်။
(၄) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်(၄၆နှစ်)အမှုကို မာ့ချ် ၁၆ ရက်နိတွင် ရုံးထုတ်ပြီး လိုပြသက်သီတယောက်စစ်ဆီးခသည်။
၅။ ၁၇ – ၃ – ၂၀၂၃ (သောကြာ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့ အမှုကို မာ့ချ် ၁၇ ရက်နိတွင် ဘူးသီးတောင်မြို့တရားရုံး၌ ရုံးထုတ်စစ်ဆီးခြင်းမဟိပဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၂) စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အသတ်ခံထားရသည့် ဒဏ်ရာများနန့် သတိလစ်နီသည့် ၁၂ နှစ်အရွယ် ကလေ့မေချေသည် မာ့ချ် ၁၇ ရက်နိ နိခင်း ၂ နာနီကျော်တွင် သီဆုံးလားသည်။
၆။ ၁၈ – ၃ – ၂၀၂၃ (စနီ)
ရက္ခိုင်ပြည်မြို့နယ်အများစုဟိ သောက်သုံးရီကန်များမှာ မိုးရီကို အဓိကထား သိုလှောင်ရသည့် ရီကန်များဖြစ်ပြီး ကုန်ခသည့်မိုးရာသီက ရာသီဥတုပြောင်းလဲကာ မိုးခေါင်မှုကြောင့် သောက်သုံးရီ လုံလုံလောက်လောက်မရလိုက်၍ လက်ဟိတွင် သောက်သုံးရီယှားပါးသည့် ပြဿနာများနန့် ရင်ဆိုင်နီကတ်ရရသည်။
၇။ ၁၉ – ၃ – ၂၀၂၃ (တလင်းဂနီ)
(၁) မြောက်ဦးမြို့ဟိ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို မာ့ချ် ၁၈ ရက်နိမှစ၍စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ဟိသည်။
(၂) ရက္ခိုင်ပြည်တိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုမတရား စွပ်စွဲကာ မြန်မာစစ်တပ်၏ ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသူများ၏ အမှုများမှာ ရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရ၍ အမှုကြန့်ကြာကာ မတရားဖမ်းဆီးတရားစွဲခံ ထားရသူများမှာ နစ်နာနီကတ်ရသည်။
