
(ဖေဖော်ဝါရီ ၁၃ ရက်နိ မှ ဖေဖော်ဝါရီ ၁၉ ရက်နိ အထိ)
၁။ ၁၃ – ၂ – ၂၀၂၃ (တလင်းလာ)
(၁) တောင်ကုတ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နိက တောင်ကုတ်အဝီးသင်တက္ကသိုလ်မှ သင်္ချာမေဂျာ တတိယနှစ် ကိုနိုင်ဝင်းထွန်း၊ ကိုနိုင်ဖြိုး၊ ကိုမျိုးကျော်ဝင်းရို့ကို ရဲများကမတရား အကြောင်းမဲ့ရိုက်နှက်ခကတ်ကြောင်း သိရသည်။
(၂) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်)ရို့အမှုကို ဖေဖော်ဝါရီ ၁၄ ရက်နိတွင် မောင်တောမြို့နယ်တရားရုံး၌ (၁၁) ကြိမ်မြောက် ရုံးထုတ်လားမည်ဖြစ်ကြောင်း သိရသည်။
(၃) ကျောင်းသား/သူများ စာမိန်းပွဲများကို အာရုံပိုစိုက်နိုင်ရန် ရည်ရွယ်၍ လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နိကစကာ တက္က သိုလ်ဝင်တန်း စာမိန်းပွဲဖြေဆိုပြီးချိန် မာ့ခ်ျ ၁၈ ရက်နိအထိ ရက္ခိုင်ပြည်အနှံ့ဇာတ်ပွဲများ ကပြဖျော်ဖြေခြင်းကို ရက္ခိုင့်တပ်တော် AA မှ ရပ်တန့်ခိုင်းထားကြောင်း သိရသည်။
၂။ ၁၄ – ၁ – ၂၀၂၃ (အင်္ဂါ)
ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာ၊ ဆီးဝါးနန့်အခြီခံလူသုံးကုန်ပစ္စည်းများ အရေးပေါ်လိုအပ်နီကြောင်း သိဟိရသည်။
၃။ ၁၅-၂-၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ကျောက်တော်တွင် ဖေဖော်ဝါရီ ၁၅ ရက်နိ မိုးထက ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် ခလရ(၃၇၄) တပ်ရင်းနားသို့ ထင်းခြွီလားသည့် ကျောက်တော်မြို့၊ လမ်းမတော်ရပ်ကွက်မှ ဦးဇော်မိုးလွင်(ခ)မောင်ချော(၄၁နှစ်) သည် မိုင်းနင်းမ်၍ ပေါက် ကွဲမှုဖြစ်ကာ ခြီတဖက်ပြတ်ထွက်လားသည်။
(၂) မြောက်ဦးမြို့ဟိ ဒိုင်းကျီ(ကျောင်းသစ်)စစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာများနန့် မီးဖိုချောင်သုံးပစ္စည်းများ အရေးတကြီး လိုအပ်နီကြောင်း သိရသည်။
(၃) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲကို လာမည့် ဖေဖော်ဝါရီ ၂၇ ရက်(တလင်းလာနိ) မိုးထ ၁၀ နာရီတွင် ကျင်းပပြုလုပ်လားမည်ဖြစ်ကြောင်း ULA/AA ၏ တရားဝင်လူမှုကွန်ရက်စာ မျက်နှာများ၌ ဒေနိ(ဖေဖော်ဝါရီ ၁၅ ရက်နိ) ထုတ်ပြန် ကြေညာထားသည်။
၄။ ၁၆ – ၂ – ၂၀၂၃ (ကြာသပတီး)
(၁) မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုရင်ဆိုင်နီရသည့် သံတွဲမြို့နယ်မှ ရက္ခိုင်တေးရွီးဆရာတဦးဖြစ်သူ ဦးစန်းကိုအား အပြီးသတ်အမိန့်ချဖိုကို လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၂) မင်းပြားမြို့နယ်၊ ရန်တိုင်ရွာမှတွင် ဖေဖော်ဝါရီ ၁၄ ရက်နိက စားသောက်ဆိုင်တဆိုင်၌ အရက်သောက်နီရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်၍ ဦးမောင်မောင်ညွှန့် (၃၆ နှစ်)ပွဲချင်းပြီးသီဆုံးလားခကြောင်း သိရသည်။
(၃) မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) အမှုကို ဖေဖော်ဝါရီ ၁၅ ရက်နိက စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရာလိုမရောက်၍ မစစ်ဆီးခရကြောင်း သိဟိရသည်။
၅။ ၁၇ – ၂ – ၂၀၂၃ (သောကြာ)
(၁) မြေပုံမြို့နယ်ရှောက်ခြုံ၊ ချောင်းကြီး၊ ပင်ကပ်တောင်မော်၊ ရက်ချောင်း၊ ယိုးစနွင်း၊ ဂြန့်ဟင်းခါး စသည့် ကျေးရွာ အုပ်စုများ၌ နွားများရောဂါဖြစ်၍ သီဆုံးနီမှုမှာ လက်ဟိအချိန်အထိ လျော့ကျမလားဘဲ ပိုတိုးလာနီကြောင်း သိရသည်။
(၂) ရက္ခိုင်ပြည်မှ ဆားလုပ်ငန်းလုပ်ကိုင်နီသည့် ဆားလုပ်ငန်းသျှင်များနန့် ဆားလုပ်တောင်သူများအတွက် ဒေလ (ဖေဖော်ဝါရီလ)အတွင်း ငွေကျပ် သိန်းတသောင်း ထုတ်ချီးလားမည်ဖြစ်ကြောင်း သယံဇာတနန့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရီးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနလက်အောက်ဟိ ဆားလုပ်ငန်းဌာနခွဲမှ သိဟိရသည်။
(၃) ပေါက်တောမြို့နယ်၊ စိုင်းတောင်ကျွန်း လည်ဖူးတော်ဘုရားပွဲတွင် ရက္ခိုင်-မူဆလင် ချစ်ကြည်ရီး ဘောလုံးပွဲကို ဖေဖော်ဝါရီ ၇ ရက်နိမှစ၍ ဒေနိ (ဖေဖော်ဝါရီ ၁၇ ရက်နိ) အထိ ၁၀ ရက်တိုင်တိုင်ကျင်းပပြုလုပ်ခပြီးယင်းဘောလုံးပွဲ၌
ရက္ခိုင်ရွာ ၁၂ ရွာမှ အသင်းပေါင်း ၅၀ ကျော်နန့် မူဆလင်ရွာ ၅ ရွာမှ အသင်းပေါင်း ၃၄ သင်းဝင်ရောက်ယှဉ်ပြိုင် ကဇတ်ခသည်ဟု ပွဲဖြစ်မြောက်ရီးကော်မတီ တာဝန်ဟိသူများက ပြောသည်။
(၄) ရက္ခိုင်ပြည်အရေး နန့်ပတ်သက်၍ ရလဒ်ကောင်းများထွက်ပေါ်လာကြောင်း စင်္ကာပူအခြီစိုက် သတင်းမီဒီယာ တခုဖြစ်သည့် Channel News Asia သတင်းဌာန နန့် အင်တာဗျူးတရပ်တွင် နီပွန်ဖောင်ဒေးသျှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားလိုက်သည်။
၆။ ၁၈ – ၂ – ၂၀၂၃ (စနီ)
(၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဖီးယှောင်စခန်းတွင် သောက်သုံးရီယှားပါးမှုကြောင့် စခန်းဟိစစ်ဖီးယှောင်များမှာ ရီအခက်အခဲနန့် ရင်ဆိုင်နီရကြောင်း သိရသည်။
(၂) မြန်မာစစ်တပ်မှ ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်းရွာမှ ဦးအောင်တင်မြင့် (၄၅နှစ်) အမှုကို အပြီးသတ်အမိန့်မချဘဲ (၅)ကြိမ်မြောက် ရုံးချိန်းရွှိဆိုင်းလိုက်ကြောင်း သိရသည်။
(၃) ရက္ခိုင်တွင် ပြီးခသည့် ဂျန်နဝါရီ ၁၉ ရက်နိကနီ ဒေနိ(ဖေဖော်ဝါရီ ၁၈ ရက်နိ) အထိ တလအတွင်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ယောက်သီဆုံးပြီး ၁၀ ယောက်ဒဏ်ရာရဟိခသည်။
(၄) ဖေဖော်ဝါရီ ၁၈ ရက်နိ ညည့် ၈ နာရီခွဲခန့်က ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးအနားဟိ မုန့်တီဆိုင် တဆိုင်မီးလောင်မှုဖြစ်ပွားခပြီး ဆိုင်ပိုင်သျှင် ဒေါ်လှသိန်းနု၏သား ဦးမောင်သန်းစိုး (၃၉ နှစ်) မီးလောင်ကာ သီဆုံးလားသည်။
၇။ ၁၉- ၂- ၂၀၂၃(တလင်းဂနီ)
(၁) ကျောက်တော်ဟိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ မဟာမုနိရုပ်ပွားတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော်ကို ဒေဂုနှစ်မာ့ချ်လ ၃ ရက်နိမှ ၇ ရက်နိအထိ ၅ ရက်/၅ ညည့်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလား မည်ဟု သိရသည်။
(၂) ရက္ခိုင်ပြည်မှ ထွက်သည့်ဆန်စပါးများကို ပြည်ပသို့ တင်ပို့ရောင်းချမှုများနီ၍ လက်ဟိတွင် ပြည်အတွင်း ဆန်ဈီးနှုန်း များ အဆမတန်ထိုးတက်နီကြောင်း သိရသည်။
