APM ၊ ဖေဖော်ဝါရီ ၂၀ / ၂၀၂၃
ကိုဗစ်ကြောင့် ၃ နှစ်ခန့်ကြာ လားလာခွင့်ပိတ်ထားခသည့် သျှမ်းပြည်၊တာချီလိတ်မြို့ဟိ တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရီးတန်းထားကို ဒေနိ (ဖေဖော်ဝါရီ ၂၀ ရက်နိ)မိုးထကစ၍ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
တန်းထားပြန်ဖွင့်ပွဲ အခမ်းအနားကို ဒေနိ မိုးထ ၇ နာရီခွဲတွင် ပြုလုပ်ခခြင်းဖြစ်ပြီး ချင်းမိုင်ခရိုင် ဒုတိယအုပ်ချုပ်ရီးမှူး Somwang Boonrayong နန့် တာချီလိတ်ခရိုင် အုပ်ချုပ်ရီးမှူး ဦးမင်းနိုင်ရို့က တက်ရောက်ခကတ်ကာ မြန်မာပြည်ဖက်ခြမ်းတွင် အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်ခြင်း၊တရားနာခြင်းများပြုလုပ်ခသည်။
တန်းထားပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒေနိတွင်ဖွင့်လှစ်လိုက် ခြင်းဖြစ်ပြီး၊ တန်းတားဖြတ်ကူးမည့်သူများအနီနန့် ကိုဗစ်ရောဂါကာကွယ်ဆီး(၂)ကြိမ် ထိုးပြီးကြောင်းလက်မှတ် မိတ္တူပါဟိမှသာ ဖြတ် သန်းခွင့်လက်မှတ် ပြုလုပ်ပီးမည်ဟု သိရသည်။
တာချီလိတ်မြို့သို့ ဝင်ရောက်လိုသည့် ထိုင်းလူမျိုးများသည် ကိုဗစ်ကာကွယ်ဆီးထိုးထားသည့် အထောက်အထား နန့် အနုတ်လက္ခဏာ စစ်ချက်ကို ပြသရမည်ဖြစ်ပြီး၊ ထိုင်းသို့ဝင်ရောက်မည့် မြန်မာများအနီနန့် ကာကွယ်ဆီးထိုး ထား သည့် အထောက်အထားပြရန်မလိုအပ်ကြောင်း Somwang Boonrayong က ပြောကြားထားသည်။
ဒေနိ ပြန်လည်ဖွင့်လှစ်သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရီးတန်းထားအား မိုးထ ၆ နာရီခွဲမှ ညဇာ ၆ နာရီခွဲ အထိ ဖြတ်သန်းလားလာခွင့်ပြုလားမည်ဟုဆိုသည်။
တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရီးတန်းထားကို ကိုဗစ်စတင်ဖြစ်ပွားသည့်ကာလ ၂၀၂၀ခုနှစ်၊ မာ့ချ် ၂၃ ရက်နိတွင် ပိတ်သိမ်းခခြင်းဖြစ်ကြောင်း သိဟိရပါသည်။
Source – Chiang Rais Mai Sai checkpoint with Myanmar reopens after 3 years
Photo – The Nation Thailand