APM၊ ဒီဇမ်ဘာ ၂၀/ ၂၀၂၂
လာမည့် ဒီဇမ်ဘာ ၂၂ ရက်နိတွင် မြန်မာပြည်အရေး အလွတ်သဘောတွိဆုံဆွေးနွေးရန် စစ်ကောင်စီ၏ နိုင်ငံခြားရီး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နန့် အာဆီယံနိုင်ငံတချို့ကို ထိုင်းအစိုးရမှ ဖိတ်ကြားထားကြောင်း Thai PBS World သတင်းက ဖော်ပြသည်။
ထိုင်းနိုင်ငံ၌ပြုလုပ်မည့် တွိဆုံဆွေးနွေးမှုသည် အာဆီယံအဖွဲ့နန့်သက်ဆိုင်သည့် တရားဝင်အစည်းအဝေးမဟုတ်ဘဲ မြန်မာပြည်ပဋိပက္ခများကြောင့် ထိခိုက်မှုဟိသည့် နိုင်ငံများအနီနန့် အမြင်ချင်း ဖလှယ်ကာ အပြန်အလှန် ဆွေးနွေး ရန်ရည်ရွယ်သည်ဟု ဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဧပြီနောက်ပိုင်းမှစ၍ အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုကိုယ်စားလှယ်များကို မဖိတ်ကြားရန် အာဆီယံဂေါင်းဆောင်တချို့က ဆုံးဖြတ်ခသော်လေ့ ဒေဂုဆွေးနွေးပွဲသည် အာဆီယံအစည်းအဝေး မဟုတ်သည့် အတွက် စစ်ကောင်စီ၏ နိုင်ငံခြားရီးဝန်ကြီးကို ဖိတ်ကြားခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
ယင်းတွိဆုံဆွေးနွေးပွဲကို ဒီဇမ်ဘာ ၂၂ ရက်နိမှစ၍ မည်သည့်အချိန်အထိ ကျင်းပလားမည်၊ အစည်းအဝေးသို့ မည် သည့် နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည်ကိုတော့ တိတိကျကျ အတည်ပြုထုတ်ပြန်ထားခြင်း မဟိသိမ့် ကြောင်း သိရသည်။
Photo – Information Sheet