
APM၊ ဒီဇမ်ဘာ ၂၀ /၂၀၂၂
ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်(ရက္ခိုင်)ရွာတွင် မြန်မာစစ်တပ်မှ အခိုင်အမာတပ်စွဲထား၍ ရွာသူရွာသားများ အိမ်မပြန်နိုင်ဘဲ လက်ဟိအချိန်ထိ စစ်ဖီးယှောင်စခန်းများ၌ ဆက်လက် ခိုလှုံနီကတ်ရကြောင်း သိရသည်။
ကုန်ခသည့်စပ်တမ်ဘာလအတွင်းက ဘူသီးတောင်မြို့နယ်၊ သပိတ်တောင်(ရက္ခိုင်) ရွာသည် လက်နက်ကြီးများ ဖြင့်တိုက်ခိုက်ခံရခြင်းနန့်အတူ၊ လူနီအိမ်တချို့မီးလောင်တိုက်အသွင်းခံရပြီး ရွာသား ၆ ယောက် ဖမ်းဆီးခံရကာ
ရွာလုံးကျွတ် ရွာကိုစွန့်ခွာ ထွက်ဗြီးလာခရသည်။
ယင်းအချိန်မှစ၍ မြန်မာစစ်တပ် တပ်မ (၂၂) လက်အောက်ခံ ခလရ (၂၀၉) တပ်ရင်းသည် သပိတ်တောင်(ရက္ခိုင်) ရွာ၌ အထိုင်စခန်းများချကာ အခိုင်အမာ တပ်စွဲလျက်ဟိသည်။
လက်ဟိတွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ အပစ်ခတ် ရပ်ထားကေလေ့ ယင်း ခလရ(၂၀၉) တပ်ရင်း သည် သပိတ်တောင် (ရက္ခိုင်)ရွာမှ ဆုတ်ခွာမလားဘဲ ဆက်လက် တပ်စွဲနီထိုင်လျက်ဟိသောကြောင့် ရွာသူရွာသား များမှာ နီရပ်သို့မပြန်နိုင်ဘဲ ဖြစ်နီကတ်ရသည်။
ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင် (ရက္ခိုင်)ရွာ၌ အိမ်ခြီ ၆၅ အိမ်နန့် လူဦးရေ ၃၀၂ ဦးခန့်နီထိုင်ခပြီး၊ လက်ဟိ တရွာလုံး စစ်ဖီးယှောင်စခန်းများတွင် ခိုလှုံနီကတ်ရကာ စားဝတ်နီရီး၊ ကျန်းမာရီး အခက်ခဲများနန့် ရင်ဆိုင်ကြုံတွိ နီကတ်ရကြောင်း သိဟိရသည်။
